အားလုံး အားလုံးကို
ခပ်မိုက်မိုက် ပြန်လိုခြင်နေမိပေမဲ့
ဘဝဆိုတာ.....
ဖြစ်ချင်သလို ဖြစ်လာတာမဟုတ်ဘဲ
ဖြစ်သင့်သလို ဖြစ်လာခဲ့တာပဲ....
ချစ်သူမိဆည်....
ကိုယ့်ဘဝကိုယ်
စိန်ရိုင်းတစ်ပွင့် ဖြစ်ခွင့်မရတောင်
ရွံ့ရိုင်းတုံးလေးဖြစ်ခဲ့ရင်
စိတ်ကြိုက်ပုံသွင်းပစ်ချင်တယ်.....
ဒါပေမဲ့ကွာ ငါ့ဘဝက
သမိုင်းရဲ့ပြန်အရေးကိုခံခဲ့ရသူပါ...
တကယ်ပါ မိဆည်.....
နိဒါန်းဟာ နိဂုံးရဲ့အစ
နိဂုံးဟာ နိဒါန်းရဲ့အစဆိုတာမှန်ခဲ့ရင်
ပြီးတော့.....
တို့နှစ်ယောက် ပြန်ဆုံစည်းရလို့
ပြောခွင့်ရခဲ့မယ်ဆိုခဲ့ရင်
(စကြာဝဋ္ဌာကြီးထဲမှာမတ်မတ်ရပ်ရင်း)
ပြောခဲ့ချင်တယ်.....
ငါ.....နင့်ကိုသိပ်ချစ်တယ်
(ထပ်ပြောမယ်.....)
ကျောက်ဆည်တက္ကသိုလ်ကြီးကို
ဘဝနဲ့ရင်းပြီး ချစ်ခဲ့တယ်......