ငွေလဝန်းသို့

Words
52
Reading
1 min
Listen
Play
8y

image
ငါ့ရင်မှာသာ ငွေသော်တာလျှင်
အညာမစွန်း သစ္စာထွန်းဖို့
နေမွန်းစဉ်ပင် ကြိုးစားခဲ့.....
ငွေသော်တာသည်
တိမ်လွှာထုတွင်း သွားရခြင်းကြောင့်
အလင်းအင်အား မထင်ရှားလည်း
သူသွားလိုရာ ခရီးတာသို့
အာကာပြင်တွင် ပြုံးပန်းဆင်လျှက်
သစ်လွင်ရွှင်ပြ ချီတက်လျှက်....
ရင်တွင်းသော်တာ ငွေစန္ဒာသည်
ဝဲယာဝန်းကျင် မလင်းလျှင်မှ
ငါ့ရင်ငြိမ်းချမ်း လင်းနိုင်စွမ်း၏
တောတောင်သို့ဝင် သောင်ပေါ်တင်၍
လယ်ပြင်ပေါ်ကျ စက်ရုံဝနှင့်
နွေညမိုးဆောင်း သူမညောင်းခဲ့
လမ်းဟောင်းပျက်က လမ်းသစ်ရဖို့
ဘဝထိုထို ဖြတ်သန်းအံ့.....
"လဝန်းသော်တာ ငွေစန္ဒာကား"
ခရီးဝေးလံ နီးအောင်ဖန်၏
နီကျံနွေပြင် စိမ်းအောင်ဆင်လျှက်
ဆောင်းတွင်အနွေး လက်ဆောင်ပေး၏
အားဆေးတစ်လက်ရေတစ်ခွက်အပြင်
လက်ညက်တယော ဂီတနှော
ဝင်းပကဗျာ အလင်္ကာလျှင်
ရင်မှာသာရွှန်း တင့်တယ်လွန်းသည့်
လဝန်းသော်တာ မည်တော့သည်
ဘဝအလင်းတည်ရာပြည်.....
်