ချစ်သူရေ
အချစ်တွေ ရင်ထဲထည့်လို့
ငါလာပြီဆိုညည်းနေတဲ့ ဒီသီချင်းဟာ
နင့်ကိုရည်စူး နေတာပါ.....
ငါ့ရင်ထဲက တစ်စုံတစ်ရာကို
ထုဆစ်ပုံဖော်ထားတဲ့
ငါ့သံစဉ်နဲ့ ငါ့တေးသွား
နင့်နားထဲမှာ
ဓားတစ်စင်းမျှ နာကျင်စူးရှစေခဲ့တယ်ဆိုရင်
ရင်ခုန်စွာ နားမဆင်ခဲ့တောင်
ဟန်ဆောင်ပြုံးလေးနဲ့တော့
ပြုံးပြသင့်ပါတယ်ကွာ.....
ခုတော့......?
ငါထင်မှတ်မထားခဲ့တဲ့ နင့်ရဲ့
ဥပေက္ခာအမုန်းတရားတွေမှာ
တေးသွားတွေ ကျိုးပဲ့
သံစဉ်တွေလည်းအဓိပ္ပာယ်မဲ့ခဲ့ရပြီပေါ့
ချစ်သူရေ......
ငါ့အိမ်ပြန်ခရီးမှာတော့
အလွမ်းသီချင်းတွေဆိုညည်း
ငိုပြီးပြန်ခဲ့ရတာပါ
ပင်ပန်းလိုက်တာကွာ......