သီတင်းကျွတ်​လ

yuzana(60)
Published in
#myanmar
Words
74
Reading
1 min
Listen
Play
8y

သီတင်းကျွတ်​လ

သီတင်းကျွတ်​လက​တော့ ဗုဒ္ဓဘာသာမြန်​မာလူးမျိုးတို့အတွက်​အထွဋ်​အမြတ်​လလို့​ပြောရမလားမသိဘူးဗျာ့ ဘာသာ​ရေးပွဲ​တွေ ​ပျော်​ပွဲရွင်​ပွဲ​တွေ အ​တော်​​ပေါတဲ့လဖြစ်​​နေပါတယ်​၊ သီတင်းကျွတ်​လက ဆယ့်​နှစ်​လရာသီထဲမှာ ခုနစ်​လ​မြောက်​ လဖြစ်​ပြီး နဂါးရဲ့ဦိး​ခေါင်းက အ​ရှေ့အရပ်​သို့လှည့်​​သောလလည်းဖြစ်​​ပေသည်​ ထို​ကြောင့်​ နဂါးရဲ့ ပါးစပ်​ထဲအဝင်​ဖြစ်​​နေ​သောအ​နောက်​အရပ်​သို့ခရီး​ဝေးသွားမည့်​သူများ ဆင်​ချင်​ကြ​ပေသည်​၊ သီတင်းကျွတ်​လသည်​ မိုးရာသီ၏ အ​နှောင်းမိုး​နှောင်းလဖြစ်​ပါသည်​ ထို​ကြောင့်​မိုးသိပ်​မရွာ​ပေ၊

images (16).jpeg

https://goo.gl/images/KE1ioP

ရဟန်းသံဃာများ ဝါတွင်းသုံးလပတ်​လုံး မည်​သည့်​အရပ်​မှညအိပ်​ည​နေမသွားပဲ ဝါဆို​နေကြရာမှ သီတင်းကျွတ်​လပြည့်​​ကျော်​တရက်​​နေ့ဆို ဝါထွက်​ပြီဖြစ်​​ပေသည်​၊ ထို​ကြောင့်​ ဝါထိုင်​​သောရဟန်းသံဃာများရဲ့ပလ္လင်​ကို​ဆေး​ကြောတဲ့သ​ဘောမျိုးပလ္လင်​​ဆေးမိုး​လေး​တော့ရွာ​ပေးသည်​ဟု့​ရှေးလူကြီးများ​ပြောတာကြားဖူးပါသည်​၊ဤကဲ့သို့ဝါဆို​သောရဟန်းသံဃာများ ဝါဆို​နေရာမှဝါဆိုလွတ်​​မြောက်​ပြီးဆုံး​သောလဖြစ်​သဖြင့်​ ဝါလကင်းလွတ်​သီတင်းကျွတ်​ဟု ​ခေါ်တွင်​ကြပါသည်​၊ သီတင်းကျွတ်​လသည်​ ​ဗေဒင်​အ​ခေါ်အားဖြင့်​ တူရာသီ ဟု​ခေါ်ဆိုကြ​ပြီး သ​င်္ကေတ အရုပ်​မှာ ချိန်​ခွင်​ကိုကိုင်​စွဲထား​သော ​ယောင်္ကျားရုပ်​ပုံစံဖြစ်​ပါသည်​၊ သီတင်းကျွတ်​လကို ပုဂံ​ခေတ်​ကသံတူလဟု​ခေါ်တွင်​​ကြောင်း​​လေ့လာမှတ်​သားမိပါသည်​၊ ထို​ကြောင့်​ပုဂံ​ခေတ်​က သံ​ပေါက်​ကဗျာများတွင်​ ​တော်​သလင်းမူ သစ်​ဆင်းဟူ သံတူ သီတင်းကျွတ်​ဟု​ရေးစပ်​ကြ​လေသည်​၊ သံတူလ၏ အဓိပ္ပါယ်​မှာ ဝသန္တဥတု တူရာသီဖြစ်​​သောလဟု အဓိပ္ပါယ်​ဖြစ်​​ကြောင်း​လေ့လာမှတ်​သားရပါသည်​၊

images (14).jpeg

https://goo.gl/images/8WnsGZ

သီတင်းကျွတ်​လ၏ ရာသီပန်းမှာ ကြာပန်းဖြစ်​ပါသည်​၊ ထို​ကြောင့်​ ​ရေပြင်​လှတင့်​ ကြာမျိုးပွင့်​၍ မြတ်​ကျင့်​​ခေါင်​ထွဋ်​ သီးတင်းကျွတ်​ဟု ဆီးသည်​ရွာသားကြီး ဦး​အောင်​ကြီးက​ရေးဖွဲ့ခဲ့ဖူးသည်​ဟု စာ​ပေများတွင်​​လေ့လာမှတ်​သားမိပါသည်​၊ သီတင်းကျွတ်​လတွင်​ပွဲ​တော်​များ​ပေါများသဖြင့်​ ​နောက်​အပတိများတွင်​ သီတင်​ကျွတ်​ပွဲ​တော်​အ​ကြောင်းများဆက်​​ရေးပါအုံးမည်​ စာဝင်​ဖတ်​သူအားလုံးကို ​ကျေးဇူးအထူးတင်​ပါသည်​၊

Post writer=yuzana@yuzana(shineshine)
MSC=146

သီတင်းကျွတ်​လ | Ecency