မိုး​လေဝသ

yuzana(60)
Published in
#myanmar
Words
82
Reading
1 min
Listen
Play
7y

တချို့​သော apk ​တွေကလည်းဂျင်း​တွေကခပ်​များများဗျာ့၊ ဘာ apk ဖြစ်​ဖြစ်​ ပါအမှန်​ကရှားပါတယ်​ ၊ရှိ​တော့ရှိတယ်​ရှားတယ်​​ပေါ့ဗျာ့၊ တချို့apk ​တွေက run လိုက်​တာနဲ့ ​ကြော်​ညာကဝင်​လာခဲ့ပြီ ​ကြော်​ညာ​ရောင်းစားတာ ၊ btc ကွိုင်​ရှာတဲ့apkဆို ပိုဆိုး​သေး ၊​သေ​လောက်​​အောင်​လုပ်​ လုပ်​ပြီးထုပ်​လို့လဲမရ၊ ခုလဲ မိုး​လေဝသ ခန့်​မှန်းတဲ့ဟာ​လေးဆွဲတာ​တောင်​​ကြော်​ညာဝင်​လာ​သေးတယ်​၊ ပြီး​တော့မှန်​လားဆို​တော့မမှန်​ဘူး၊ ဒီလိုနဲ့တခုပြီးတခုဆွဲကြည့့်တာ​နောက်​ဆုံးတခုက​တော့ သူတို့စကရင်​​ရှော့ရိုက်​တင်​ထားတာနဲ့ယှဉ်​ကြည့်​အနီးစပ်​ဆုံးတူ​နေတယ်​ ၊

Screenshot_20190407_182624.png

အဲ့ဒါနဲ့ apk run လိုက်​ပြီးဘယ်​မှာတိမ်​အုပ်​​နေသလဲ၊ ဘယ်​မှာမိုးရွာ​နေသလဲ ကြည့်​လိုက်​မိပါတယ်​ ၊ အဲဒီအချိန်​မှာ ဒိုမီ​လေးတို့ရှိတဲ့မြို့မှာ မိုး​တွေမဲ​နေ​အောင်​တိမ်​​တွေအုပ်​​နေပါတယ်​ အဲ့ဒါနဲ့ကျွန်​​တော်​လဲ လိုင်း​ပေါ်မှာ ဆရာဒိုတို့မြို့မှာ မိုး​တွေချ​နေပြီလားလို့ဂရုထဲမှာ​မေးလိုက်​ပါတယ်​၊ မကြာပါဘူး ဆရာဒိုက ချ​တော့မှာမဲ​မှောင်​​နေပြီး မိုး​တွေတအားချိန်း​နေတယ်​၊ မီ​တွေလဲပျက်​​နေတယ်​တဲ့ ၊အမယ်​ဒီမိုး​လေဝသapk ကမှန်​တယ်​ဟဆိုပြီး​တော့ ကျွန်​​တော်​လဲ ဝမ်းသာသွားတယ်​ ​နောက်​တခါ ကျွန်​တ်ာတို့ရွာနဲ့နီးတဲ့​ပခုက္ကူဘက်​မှာလဲတိမ်​​တွေမဲ​နေတာ​တွေ့​တော့ ရွာကညီမကိုလှမ်းပြီးဖုန်းဆက်​​မေးပါတယ်​၊ နင်​တို့​ရွာမှာမိုးရွားလားလို့​ပေါ့၊ ညီမက ရွာမှာ​တောမရွာ​သေးဘူး မိုး​တွေမဲ​နေတယ်​ ကမ္မဘက်​မှာ​တော့ ​လေ​ရော မိုး​ရော မိုးသီး​ရော တအားပြင်းထန်​တယ်​လို့ ပြန်​ပြီးဖုန်းဆက်​ပါတယ်​၊ ကျွန်​​တော်​လဲ မှန်​တယ်​ဟဆိုပြီးဝမ်းသာသွားပါတယ်​၊

Screenshot_20190408_203019.png

အဘယ်​​ကြောင့်​ဆို​သော်​ ကမ္မရွာက ကျွန်​​တော်​တို့ရွာနှင့်​ ပခုက္ကူအကြားတွင်​တည်​ရှိ​သော​ကြောင့်​ဖြစ်​ပါသည်​၊ ဘယ်​လိုဘဲဖြစ်​​နေ ဖြစ်​​နေ ကျွန်​​တော်​ ​လေဖိအားကြည့်​တဲ့ apk​တွေ​ရော ​လေတိုက်​နှူန်းကြည့်​တဲ့apkတွေ​ရော ရှာကြံဆွဲပြီးrun ပါအုံးမည်​၊ အ​ပျော်​တမ်းမိုး​လေဝသပညာရှင်​​လေးလုပ်​ပါအုံးမည်​ဆိုတဲ့အ​ကြောင်း​ရေးသားရင်းရပ်​နားလိုက်​ပါအုံးမည်​၊စာလာဖတ်​သူ အားလုံးကို​ကျေးဇူးအထူးတင်​ပါတယ်​ခင်​ဗျာ။

Post writer=yuzana@yuzana(shineshine)
MSC=146

မိုး​လေဝသ | Ecency