အများအကျိုး

yuzana(60)
Published in
#myanmar
Words
109
Reading
1 min
Listen
Play
7y

အားလုံးမင်္ဂလာပါဗျာ
အခုတ​လေား fb မှာစိတ်​ဝင်​စားတာ​လေးတခု​တွေ့တယ်​ခင်​ဗျာ့ ၊ အဲ့တာက​တော့ အများအကျိုးလုပ်​​ပေး​နေတဲ့ "ရာသီဥတုအ​ကြောင်း​လေးမျှ​ဝေကြမယ်​" ဆိုတဲ့ဂရု​လေးပါဘဲ ၊ဒီဂရု​လေးက ကိုယ့်​​ဒေသရဲ့ရာသီဥတုအ​ခြေအ​နေ အ​နေအထား​လေး​တွေမျှ​ဝေကြတာပါ ၊

Screenshot_20190408_203019.png

အဲ့ဒီမှာ အထမင်​လားဘာလား​တော့မသိဘူး ရာသီဥတုခန့်​မှန်း​ခြေ​လေး​တွေအမြဲတင်​​ပေး​နေတာ​တွေ့ရတယ်​၊ su su sanအ​ကောက်​နဲ့ "မိုးနတ်​မင်း" ဆိုတဲ့အ​ကောက်​ နှစ်​ခုကခပ်​များများပါဘဲ တရက်​ကို ပိုစ်​ ၃ခု ၄ခု​လောက်​အမြဲ့သူတို့အချိန်မှန်​​တင်​​ပေး​နေပါတယ်​၊ ရာသီဥတုကိုသူတို့ခန့်​မှန်းလိုက်​တဲ့ပိုစ့်​ရဲ့​အောက်​ကမန့်​​တွေ ကြည့်​လိုက်​တဲ့အခါ အားလုံး​ထောက်​ခံပြီး" ညီမ​ရေမှန်​လိုက်​တာ အခုစ​လေတိုက်​​နေပြီ "တို့ "ဘယ်​​ဒေသ​ရော ပါလား " "ဘယ်​မြို့​ရော မိုးရွာနိင်​မလား"စသည်​ဖြင့်​ အားကိုးတကြီး​မေးထားတဲမန့်​​တွေ အမြဲတမ်း၂၀​လောက်​ရှိတယ်​၊

Screenshot_20190410_084234.png

တချို့ကလည်း "ဟာ ကျွန်​​တော်​ဘယ်​သွားမလို့ အခုမသွား​တော့ဘူး အမမှန်းရင်​မလွဲဘူးတဲ့ ​တော်​ကြာအိမ်​မှာ အမိုး​တွေလန်​ကုန်​လိုက်​မယ်​တဲ့ "အဲဒီ​တော့ကျွန်​​တော်​စိတ်​ဝင်​စားသွားပြီ ဖုန်း​ဘေဘိုးမရ အလုပ်​ပျက်​ခံ အများအကျိုးအတွက်​ အမြဲတင်​​ပေး​နေတဲ့ စိတ်​ဓာတ်​ကိုချီးကျုးမိ​နေတယ်​၊

Screenshot_20190410_084438.png

သူဘယ်​​ဆော့ဝဲ ဘယ်​apk ကိုသုံးသလဲသိခြင်​မိတယ်​ ကိုယ်​လဲ အများအတွက်​တင်​​ပေးခြင်​မိတယ်​၊ သူ့စကရင်​​ရှော့ကိုအ​သေအခြာကြည့်​​တော့လည်း မည်​သည့်​ apk အမှတ်​အသားမှမ​တွေ့ရ၊ ဒါနဲ့ play store မှာရမ်းပြီး​တော့ မိုး​လေဝသ apk တခုဆွဲလိုက်​ပါတယ်​ ​နောက်​​ဆော့ဝဲကိုrun ပြီးကြည့်​လိုက်​​တော့ မြိတ်​မြို​ပေါ်မှာ တိမ်​​တွေအုပ်​ မိုး​တွေရွာ​နေတာ​တွေ့​လိုက်​ပါတယ်​။

Screenshot_20190410_084540.png

အလွယ်​တကူ လိုင်း​ပေါ်မှာရှိနေ​သော ယွန်းယွန်းကို ​"ဟေ့ နင့်​တိုမြို့မှာမိုး​တွေရွာ​နေတာမဟုပ်​လား" လို့လှမ်း​မေး​တော့ "ဘာဖြစ်​လို့လဲ"တဲ့ "ငါ ရာသီဥတုခန့့်​မှန်းတဲ့ apk သုံးပြီး မိုး​လေဝသ ပညာရှင်​ဦးထွန်းလွင်​လုပ်​မလို့ " ဆိုပြီး ရယ်​ပြီး​ပြောလိုက်​ပါတယ်​၊ သူကလဲ ရယ်​ပြီး "နင့်​ apk မဟုပ်​​သေးဘူး​နော်​ တ​နေကုန်​ ​နေကိုကျဲကျဲ​တောက်​ပူ​နေတာ" ဆိုပြီးရီပါ​တော့တယ်​၊ ကျွန်​​တော်​လဲ အမ်​ ဒါဆို fb ​ပေါ်တင်​လို့ဖြစ်​​သေးဘူး သူများရီစရာဖြစ်​လိမ့်​မယ်​ဆိုပြီး apkကိုပြန်​ဖြုတ်​ချလိုက်​ပြီး ​နောက်​တခုထပ်​ဆွဲလိုက်​ပါတယ်​။ ဆက်​ရန်​...

Post writer=yuzana@yuzana(shineshine)
MSC=146

အများအကျိုး | Ecency