Once Upon A Time

Words
167
Reading
1 min
8y
Listen to this post
~1 min

Once Upon A Time
•••••••••••••••••••
image
…
"ဟိုတုန်းက အဖေတစ်ယောက် လုပ်စာကို တအိမ်လုးံ
ထိုင်စားလို့ရတယ်တဲ့ ဟုတ်လားဖေဖေ.."

"အင်း ဟုတ်တယ်လို့ပြောလို့ရတယ်"

"ဒါဆို အဲတုန်းက လုပ်ခ လစာတွေကောင်းလို့ပေါ့နော်"

"ဖေဖေ တွေးမိသလောက် ပြောပြမယ်"
ဖေဖေ တို့ငယ်ငယ်တုန်းက Tv ၊ အောက်စက် ၊ ရေခဲသေတ္တာ ၊ air-con ၊ပန်ကာ
ဆိုတာတွေ ဟာ သုးံဖူးဖို့ဝေးလို့ မြင်တောင်မမြင်ဖူးဘူး။
လျှပ်စစ်မီးတောင် နပ်မှန်အောင် မမြင်ရလို့ ရေနံဆီမီးခွက်နဲ့ စာကြည့်ခဲ့ရတာ..

ဟော ကျောင်းတက်တော့လည်း ၅ နှစ်ပြည့်မှ
သူငယ်တန်းတက်ပီး ဝ လုးံလေးစ ရေးတာလေ
ရေးတော့လည်း ကျောက်သင်ပုန်းနဲ့ ကျောက်တံ ပဲ
မူကြို မတက်ခဲ့ရဘူး
ကျူ ရှင်မရှိဘူး..
ဖယ်ရီကားးမရှိဘူးး ခြေလျင်လျှောက်ပဲ
စက်ဘီးတောင် ရာလေးနဲ့ မောင်ဗမာ ဘီးလောက်ပဲရှိတယ် အာ့တောင် လူတိုင်း မဝယ်နိုင်သေးဘူး။

ဗလာ စာအုပ်တွေဆို အခုသမီးတို့ရေးနေတဲ့ စာရွက်
ဖြူ ဖူ သန့်သန့်လေးတွေ မဟုတ်ဘူး ဝါကျန့်ကျန့်
အသားကြမ်းကြမ်းတွေပဲ သုးံခဲ့ရတာ..

ဖောင်တိန် မှင်ယို လို့လွယ်အိတ်တွေ အင်္ကျီတွေမှာ မှင်စွန်း ရာတွေနဲ့ ဝတ်ရတာပဲ

လွယ်အိတ် ဆိုလို့ သမီးတို့လို တနှစ်တအိတ် မလဲခဲ့ရဘူး ဒီလွယ်အိတ်လေး
လုးံဝ မဆွေးတဲ့အထိလွယ်ခဲ့ကြရတာ

၅တန်းရောက်တာတောင် ကွန်ပါဘူး လောက်တောင် မဲနှိုက်လို့ပေါက်မှ ကိုင်ရတာလေ

မုန့်ဖိုး ၁၀ ပြားလောက်ရတာကို အဆာပြေဝယ်စားရတာ

အဲတော့ အခုခေတ်လို နိုင်ငံခြားမုန့်တွေအများကြီးမပေါ်သေးဘူးလေ

ဗမာ လက်လုပ်မုန့်လောက်နဲ့ ကျေနပ်ကြရတာ

အင်တာနက် လိုင်းတွေမရှိတော့ ဘေလ်လဲ ကုန်စရာမရှိ
ကာတွန်းကား အခွေတွေ မရှိတော့ အခွေဖိုးပိုမကုန်
သလို လျှပ်စစ် မီတာဖိုးလဲ ပိုမပေးရ
ဝယ်စားစရာဆိုင် အများကြီးမရှိတော့ ထမင်းအားကိုးစား
ကစားချင်လည်း ကစားကွင်းသွားပြီးပိုက်ဆံဖြုန်းစရာမလိုပဲ
သူငယ်ချင်းတွေ အုပ်စုဖွဲ့ ဆော့ရုံပဲ

ဒါ သမီး နားလည်လောက်ရုံ ပြောပြတာ
ဒီတော့ အပိုကုန်ကျငွေ နဲတော့ လောက်ငကြတာပေါ့

အခုက သမီးရယ် အရင်က ရေကို တွင်းရေ ဂျိုးဖြူရေကို ဒီအတိုင်း သောက်ရာက
အခုတော့ရေသန့်မှ ဆိုပီးရေတောင် ပိုက်ဆံပေးသောက်ကြတော့
လောက်ငဖို့ အရမ်း ရုန်းကန်ကြရတာပါပဲ

အဲ ခေတ်ကလိုသာ သမီးတို့ နေရင် လောက်တာပေါ့
ဒါပေမဲ့ ခေတ်နောက်ကျ ကျန်ခဲ့မှာမို့
ပိုကြိုးစား နေရတာ​ပေါ့သမီးရယ်​.."

"ဟုတ် ဖေဖေ.. သမီးနားလည်ပါပီ"

:P

.

Ko Zaw ll

Once Upon A Time | Ecency