အိမ်အပြန် လေဆန်မရှိ

Words
54
Reading
1 min
Listen
Play
8y

အိမ်အပြန် လေဆန်မရှိ
..............

image

Sunday ပိတ်တယ်
အလုအယက်အိမ်ကိုပြန်
တို့မှာ..လေဆန်မရှိဘူးကွယ်။

စနေမနက်ခင်းထဲက
တစ်ချို့ကအမေ့ဆီ
တစ်ချို့ကရှင်ကြီးဆီ
တစ်ချို့ကရှင်မဆီ
တစ်ချို့ကမျှော်နေမဲ့သူဆီ
" ဟဲလို..ဟဲလို.. " အမောတကော။

ညနေသင်တန်းဆင်း
" ဒေါင် " ကနဲခေါင်းလောင်းထိုးတော့
စာသင်ခန်းရေကာတာကြီးကျိုးပေါက်
နည်းပြတွေသင်တန်းသားတွေ
အရောရောအနှော
အပြုံးမျက်နှာကိုယ်စီ။

ရရာလိုင်းကား
လာကြိုဆိုင်ကယ်
စုပေါင်းငှါးလိုက်ထရပ်
တွဲကပ်ကိုယ်စီ
ပြန်ကြပြီ။

ဟယ်..ဟိုဆိုင်ကယ်ပေါ်ကအတွဲလေး
ငယ်ငယ်ချောချော
မရဲတရဲ ခါးလေးဖက်လို့
ဟဲမက်ကိုလေကာမှန်ချထားတယ်
ရှက်တတ်လိုက်တဲ့ဆရာမလေး။

Sunday လေးကအားဖြည့်အချိုရေ
Monday တော့ဆက်ဆက်ပြန်ခဲ့ကြနော်
TEO အပျိုကြီးပြောပေါက်ဆိုးပါဘီ။

ဒီလိုဒီလိုနဲ့
စက္ကန့်တွေပြေးလွှား
မိနစ်နဲ့နာရီကိုဝါးမြို
ဆယ့်လေးငါးရက် ကမ္ဘာလေးမှာ
ခင်မင်သူအပေါင်းသင်းတွေရ
မပြေလည်တာကို ရယ်မောစရာနဲ့ဖြေ
ကျောင်းဖွင့်တော့ ရွာကျောင်းလေးကိုပြန်
စပါယ်ပွင့်မွှေးမွှေးလေးတွေ
ကြိုနေလေရဲ့။

အိမ်အပြန် လေဆန်မရှိ | Ecency