ကျွန်တော် တွေးပြီး စိုးရိမ်မိတယ်

Words
496
Reading
3 min
Listen
Play
9y

ယခုရေးခဲ့တာကတော့ ငယ်ဘဝကို remindလုပ်ပေးချင်တဲ့သဘော

လေးရယ်။စာရေးသူတို့ငယ်ငယ်တုန်းကဓလေ့တွေ တဖြည်းဖြည်း

တိမ်ကောလာပြီဟု ထင်မြင်မိတာကြောင့် ရေးလိုက်ရတာဖြစ်ပါတယ်။

 ![image](

သီတင်းကျွတ်ကတော့ ဘာလိုလိုနဲ့ တစ်နှစ်ကုန်ဆုံးသွားခဲ့ပြန်ပါပြီ။

ကျွန်တော့်ရဲ့ သူငယ်ချင်းတွေနဲ့ လေးလကြာမှ ပြန်တွေ့ရလို့

ပျော်ခဲ့ရပေမဲ့ သီတင်းကျွတ်ရဲ့ အရင် အငွေ့အသက်များကို

တော့ လွမ်းဆွတ်နေခဲ့မိပါတယ်။

ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ရွယ်တူကလေးတွေ အများအပြား ရှိကြပါတယ်။

စာရေးသူရဲ့ ငယ်ဘဝကို ပြန်သွားလိုက်ရအောင်။

အရင်သီတင်းကျွတ်ပြီဆိုရင် လူကြီးများက ဦးဆောင်ကာ

လမ်းတွင် မီးထွန်းရန် တိုင်ပင်စည်းရုံးကြပါတယ်။

စည်းရုံးတယ်ဆိုတာက ငွေထည့်ဖို့တို့ဘာတို့မဟုတ်ပါဘူး။

အသင့်မီးပုံးလေးတွေ ဝယ်ရင် ငွေကုန်နိုင်တာမလို့ 

လက်လုပ် မီးအိမ်တွေ ကိုယ်တိုင် လုပ်ကြဖို့ပါ။

အဲ့ဒီအတွကိ ဝိုင်းကူလုပ်ရန် စည်းရုံးခြင်းသာဖြစ်ပါတယ်။

 

အများစုကတော့ ကျွန်တော်တို့ တက်ကြွတဲ့ ကလေးတွေသာ

ဖြစ်ပါတယ်။

မီးအိမ်လေး လုပ်နည်းကို ရှင်းပြပေးပါရစေ။

ပထမဆုံး အနေနဲ့ ကျွန်တော်တို့ ရပ်ကွက်ရဲ့ ရထားလမ်း

အကျော်မှာ ရွှံ့တွေ သွားခွာကြပါတယ်။

ကလေးတွေဆိုတော့ ရွှံ့ခွာတာက နည်းနည်း ဆော့တာက

များနေတာပေါ့။ 

လူကြီးတစ်ယောက် လိုက်လာမှ ငြိမ်ပြီး ခွာကြတယ်။ 

ရွှံ့တွေ လုံလုံလောက်လောက်ခွာ ပြီးပြီဆိုတာနဲ့ လုပ်မဲ့သူရဲ့အိမ်မှာ အမြန် အချောသတ်ဖို့ လုပ်ကြတယ်။

ရွှံ့တွေ ခြေက်သွားမှာ စိုးလို့ပါ။

အချောသတ်တယ်ဆိုလို့ တအား အခက်ကြီးထင်မနေပါနဲ့။

အောက်ခံပြား လုပ်တာဖြစ်ပါတယ်။

တချို့က လောက်စာလုံး အကြီးကြီးတွေလုံးပြီး ပြားချလိုက်

တယ်။ အောက်ခံပြား အဝိုင်းလေးတွေ ရတာပေါ့။

တချို့က လုပ်ကတည်းက လေးထောင့်ပုံလုပ်ကြတယ်။

ဘယ်ပုံရရ ကိစ္စ မရှိဘူးလေ။

အဓိကက အောက်ခံပြား ရရင်ပြီးရော။

ကလေးတွေဆိုတော့ ကလေးသဘောဝ အလျောက်

ဆူပူနေကြတယ်။

အဓိက ဝိုင်းကူလုပ်နေကြတာကလည်း ကျွန်တော်တို့

ကလေးတွေဆိုတော့  ကျွန်တော်တို့ကို သည်းခံနေကြရတယ်။

အောက်ခံပြားတွေကို ရွှံ့မခြောက်ခင် မြန်မြန်လုပ်ပြီးပြီ

ဆိုတာနဲ့ အသင့်ခူးထားပြီးတဲ့ ဘန္ဒာရွက်တွေကို 

အောက်ခံပြား ဘေးပတ်ပတ်လည်မှာ

လှအောင်စိုက်လိုက်တယ်။

အလယ်မှာတော့ ဖယောင်းတိုင် ထွန်းဖို့ အရာလေး လက်နဲ့

ပေးထားတာပေါ့။

ညဘက်ရောက်ပြီ ဆိုတာနဲ့ အားလုံးတက်ကြွနေကြပါတယ်။

မီးအိမ်တွေ နေရာချသူကချ ဖယောင်းတိုင် စိုက်ပြီး ထွန်းသူ

ကထွန်းနဲ့ ပျော်ရွှင်နေကြပါတယ်။

အားလုံးပြီးသွားတဲ့အချိန်မှာတော့ ကျွန်တော်တို့ လမ်းလေးဟာ မီးအိမ်လေးများနဲ့ လှပတင့်တယ်နေပါတယ်။

ကိုယ်တိုင်လုပ် မီးအိမ်တွေဆိုတော့ ပိုပြီး ကြည်နူးရတာပေါ့။

ကိုယ့်လမ်းမှာ ထွန်းပြီးပြီဆိုတာနဲ့ တခြားလမ်းတွေကို

လိုက်ပြီး ကြည့်ကြပါတယ်။

တစ်ခါတစ်လေ တခြားရပ်ကွက်များပါ သွား၍ကြည့်ကြပါ

တယ်။

တခြားလမ်းတွေဟာလည်း သူ့အလှနဲ့သူ လှပနေကြပါတယ်။

နောက်ပိုင်းနှစ်များမှာတော့ အသင့်မီးအိမ်လေးတွေသာ 

ဝယ်ပြီး ထွန်းကြပါတယ်။

ကျွန်တော်သည်လည်းနောက်ပိုင်း အိမ်ပြောင်းခဲ့ရသည်ဖြစ်၍ နောက်ပိုင်းနှစ်များတွင် မနွှဲခဲ့ရတော့ပါ။

ယခုနှစ် သီတင်းကျွတ်ပြီးဆုံးသွားချိန်တွင် ကျွန်တော်၏

စိတ်ထဲသို့ ဒီအမှတ်တရလေး ဟာ ခေါင်းထဲကို

ဝင်လာပါတယ်။

ဘာလို့လဲဆို ကျွန်တော်ယခုနှစ်မှာ လမ်းကိုမီးအိမ်လေးတွနဲ့ အလှဆင်တဲ့လမ်းတွေ အလွန်နည်းပါးသွားတာကို

တွေ့ရသောကြောင့်ဖြစ်ပါတယ်။

တစ်နှစ်ထက် တစ်နှစ် ပိုမိုနည်းပါးလာပြီးတော့ နောက်ပိုင်း

နှစ်များမှာတော့ တွေးပင်မတွေးဝံ့တော့ပါ။

တခြားမြို့များတွင် ဘယ်လိုဘယ်ပုံရှိမှန်း မသိပေမဲ့ 

ကျွန်တော်၏ မြို့လေးတွင်မူ လုပ်နေကြ အလေ့အထလေးပင် တစ်ဆတစ်ဆ ပျောက်ကွယ်လုနီးပါး

ဖြစ်လာပါပြီ။

ဒါကတော့ သီတင်းကျွတ်မှာ ကျွန်တော်ခံစား မိလာတာလေး

တွေပါ။

မကြာခင်မှာ ရောက်လာတော့မဲ့ တန်ဆောင်မုန်း အကြောင်း

ဆက်သွားလိုက်ရအောင်။

သီတင်းကျွတ် ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် အိုးစည်

ဒိုးပတ်သံများကို ကြားလာရပြီဖြစ်ပါတယ်။

တခြားမြို့များတွင်မသိ။ စာရေးသူတို့မြို့တွင်မူ

ကျွဲ၊တိုးနံယား၊လူဝံတို့နှင့် လှည့်ကာ အလှူခံထွက်ကြခြင်း

ဖြစ်ပါသည်။မြန်မာတို့ရဲ့ ချစ်စဖွယ် ဓလေ့များထဲကတစ်ခုပင်

ဖြစ်ပါသည်။ မိမိတို့ ကိုယ်ကျိုးအတွက် မဟုတ်။

ရလာသော အလှူငွေများကို ကထိန်ခင်းရန်အတွက်(သို့)

တချို့ကမူ ဘုန်းကြီးကျောင်းတစ်ကျောင်းကျောင်းတွင်

တန်း၍ လှူလိုက်ကြပါသည်။ 

ဒီရာသီသည် စာရေးသူတို့ငယ်စဉ်က အပျော်ဆုံးလပင်

ဖြစ်ပါသည်။

ဆိုင်းသံကြားပြီဆိုတာနှင့် အိမ်ထဲမှ အပြေးအလွှားထွက်ကာ

ကျွဲရှိသည့်နေရာသို့ စုကာသွားကြသည်။

တချို့ ထမင်းမေ့ဟင်းမေ့ ကျွဲနောက်သို့ လိုက်ကြည့်ကြ

သူများလည်းရှိသည်။

စာရေးသူတို့မြို့ကထိန်များတွင် ဈေးကထိန်သည် အစည်ကားဆုံးဖြစ်သည်။ ဈေးသူဈေးသားများ ဝိုင်းဝန်း

လုပ်ကြသော ကထိန်ဖြစ်၍ ပဒေသာပင်များမှာ လွန်စွာ

တန်ဖိုးကြီးကြသည်။

ရေခဲသေတ္တာ၊အဝတ်လျှော်စက်၊ဆိုင်ကယ်၊ငွေသား၊

ကားစသဖြင့် တန်ဖိုးကြီး များစွာပါကြသည်။

ကထိန်၏ အငွေ့အသက်များကမူ အရင်အတိုင်း ရှိနေဆဲမို့

စာရေးသူ ကြည်နူးရသည်။

မနေ့ကပင် ကလေးတစ်သိုက် ကျွဲနှင့် လာ၍အလှူခံကြသဖြင့်

ငွေငါးရာထည့်လိုက်သည်။

တန်ဆောင်မုန်းတွင်လည်း စာရေးသူတို့ မြန်မာလူမျိုးများ

မီးပူဇော်ကြရသည်။

သီတင်းကျွတ်ကဲ့သို့ပင် ကိုယ်တိုင်မီးအိမ်များ လုပ်ကာ

ဆက်လက်ပြီး လမ်းကို အလှဆင်ကြသည်။

သီတင်းကျွတ် တန်ဆောင်မုန်းလတွင် စာရေးသူတို့

ကလေးများ စုပေါင်းကာ ငရဲမီး ကစားနည်းကို ကစားကြ

သည်။ steemit မိသားစုဝင်များ သိကြလားမသိ။

ငရဲမီးကစားနည်းကို။

 ![image](

ငရဲမီးကစားနည်းအတွက် လိုတာကတော့

ဖယောင်းတိုင် နှစ်တိုင်

ဆီမီးခွက်တစ်ခွက်ပင်ဖြစ်ပါသည်။

လက်တစ်ထွာလောက် ကျင်းကိုအရင်မြေကြီးတွင် တူးရပါမယ်။

ထို့နောက် အောက်တွင် ဖယောင်းတိုင်တစ်တိုင်က

ိုစိုက်ထားရပါမယ်။

ကျင်းပေါ်တွင် တုတ်ချောင်းနှစ်ချောင်းကိက ကန့်လန်းဖြတ်

တင်လိုက်ရပါမယ်။

ဆီမီးခွက် တင်ဖို့ဖြစ်ပါတယ်။

ဆီမီးခွက်ထဲတွင် ကျန်ရှိသော ဖယာင်းတိုင်မှ ဖယောင်းများကို ခြေထည့်ရပါမယ်။ 

အထဲမှ မီးစာကြိုးကိုတော့ တစ်လက်မခန့်ဖြတ်ကာ ဆီမီးခွက်အထဲသို့ထည့်ထားရပါမယ်။

ပုံမှာေ တာ့ တစ်စပဲထည့်ထားတာရိုက်လိုက်ရပါတယ်။

တကယ် 

အကုန်လုံးနစ်အောင် မထည့်ရပါ။

ဖယောင်းစာကို မီးညှိရဦးမှာဖြစ်တဲ့အတွက် အနည်းငယ်

ပေါ်အောင် ထားရပါတယ်။

ထို့နောက် ဆီမီးခွက်အောက်ရှိ ဖယောင်းတိုင် ကို မီးညှိပါ။

ဖယောင်းများ အရည်ပျော်လာလျှင် မီးစာကို မီးညှိလိုက်ပြီး

ရေခွက်မှ ရေကို လက်ဖြင့် နှိုက်ကာ ဆီမီးခွက်အပေါ်ကနေ တောက်ချပါ။

မီးတောက်များ အပေါ်သို့ မြင့်တက်လာပါလိမ့်မယ်။

ယခုမူ ထိုကစားနည်းကို သိသောသူ ရှိသေးလားပင် မသိတော့ပါ။

တန်ဆောင်မုန်းလတွင် အပျော်ဆုံး ရက်နှစ်ရက် ရှိပါသည်။

သူခိုးကြီး သူခိုးလေးညပင် ဖြစ်ပါသည်။

အပျော်သဘောနဲ့ လုပ်ကြခြင်းပင်ဖြစ်ပါသည်။

ညမရောက်ခင်ကပင်း မိမိတို့ ခိုးမည့် targetအား သေချာ

သတ်မှတ်ပြီးသားဖြစ်ပါတယ်။ ရပ်ကွက်ထဲရှိ သူငယ်ချင်းအိမ်

မှ ရှောက်ပန်းသီးများ ခိုးခြင်းဖြစ်ပါသည်။

ခိုးသည်ဟုပင် မဆိုနိုင်ပါ။

ခိုးသည့်အိမ်မှ သူငယ်ချင်းကပင် မိမိတို့အဖွဲ့ထဲတွင် ပါနေခြင်း ဖြစ်ပါသည်။

အဖွဲ့ထဲက တစ်ယောက်ကို အဆင်သင့် တို့စားရန်

အမှုန့်လုပ်ခိုင်းပြီးသားပင်ဖြစ်ပါတယ်။

စားသောက်ပြီးသည်နှင့် တခြားလမ်းမှ ထွန်းထားသော

မီးပုးံများကို မျက်စပစ်လိုက်ကြပါတယ်။

သီတင်းကျွတ်ကတည်းက အားခဲထားခြင်းဖြစ်ပါတယ်။

သူခိုးကြီး သူခိုးလေးညများတွင် တချို့ကမူ ဆိုင်းပုတ်များကို

နေရာပြောင်းထားကြသည်။

မနက်ခင်းများ ရောက်လျှင် ပစ္စည်းပျောက်သူကပျောက် 

ဆိုင်းပုတ်လွဲသူကလွဲနှင့် ပျော်စရာပင်ဖြစ်ပါသည်။

ယခုနှစ်များတွင်မူ ညဘက်ဖုန်းများနှင့်သာ အချိန်ကုန်နေကြ

၍ လုပ်ကြသူများပင် မရှိတော့သည်ကိုတွေ့ရပါတယ်။

တန်ဆောင်မုန်းလ၏ နောက်ဓလေ့တစ်ခုကတော့ 

ပံသကူ စွန့်ကြခြင်းပဲ ဖြစ်ပါတယ်။

ပံသကူဆိုသည်မှာ ပိုက်ဆံများကို ခေါက်ကာ ချိုချဉ်နှင့်

ရောကာ လမ်းများတွင် လှည့်ကာ စွန့်ကြခြင်းဖြစ်ပါသည်။

သူခိုးကြီသူခိုးလေးညများ၏ ၁၁နာရီကျော် လူများအိပ်ချိန်

တွင် အလှူရှင်များက မြို့ပတ်ကာ စွန့်ကြသည်ဟု

သိရပါတယ်။

ကျွန်တော်တို့ ကလေးများသည် သူခိုးကြီးသူခိုးလေးည

မနက်များတွင် ဝီရိယထားကာ စောစောထကြရသည်။

နောက်ကျလျှင် ပိုက်ဆံမပြောနှင့် ချိုချဉ်ပင် တွေ့မည်မဟုတ်ပေ။

တချို့ကမူ ညကတည်းက စောင့်ကာ ဓာတ်မီးတစ်လက်နှင့် 

ရှာပုံတော် ဖွင့်ကြတယ်။

အလွန်ပျော်စရာကောင်းခဲ့ပေသည်။

ယခုတွင်မူ စွန့်တဲ့သူလည်း မရှိတော့။

ကောက်တဲ့သူလဲမရှိတော့ပါ။

တဖြည်းဖြည်းနှင့် တိမ်ကော ပျောက်ကွယ်လာလေပြီ

ဖြစ်ပါသည်။

စာရေးသူတို့ အလွန်ကံကောင်းခဲ့သည်။

ငယ်စဉ်ဘဝတွင် အပေါ်ကပြောခဲ့သည့် ဓလေ့များကို

မှီလိုက်သည်။ပျော်လိုက်ခဲ့ရသည်။

နောက်ပိုင်းကလေးများသည် ဓလေ့များကို သိကြလိမ့်တော့မည်ပင်

မထင်တော့ပါ။

နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားကြတော့မည်

ထင်ပါတယ်။

ယခုရေးခဲ့သော အကြောင်းအရာသည် စာရေးသူ၏မြို့တွင်

ယခင်နှင့် ယခုလက်ရှိ အခြေအနေများကိုသာ ခံစားရေး

ထားခြင်းသာဖြစ်ပါသည်။တခြားမြို့များတွင်ရော ယခုလို

အရင်ဓလေ့များ တိမ်ကောလာပြီဟု ခံစားမိပါသလား။

ယခုလာမည့် တန်ဆောင်မုန်းကိုလဲ တွေးပြီးစိုးရိမ်ရင်း

စာရေးသူ၏ စာကို အဆုံးသတ်လိုက်ရပါတယ်။

written by yeyintkyaw@yeyintkyaw

MSC-020

 

ကျွန်တော် တွေးပြီး စိုးရိမ်မိတယ် | Ecency