Kaukkyat

yena(15)
Published in
#busy
Words
88
Reading
1 min
Listen
Play
9y
  • ကျောက်ကပ်သို့ သွေးစီးဆင်းမှုနည်းသွားခြင်း

  • ကျောက်ကပ်ပျက်စီးခြင်း

  • ဆီးပိုက်ပိတ်၍ အညစ်အကြေးများမစွန့်ထုတ်နိုင်ခြင်း

ကျောက်ကပ်သို့သွေးရောက်ခြင်းနည်းပါးစေနိုင်သော အခြေအနေများမှာ -

  • သွေး (သို့) အရည်ဆံုးရှုံးမှုများခြင်း

  • သွေးတိုးကျဆေးများ

  • နှလံုးတိုက်ခိုက်ခံရမှု

  • နှလံုးရောဂါ

  • ရောဂါပိုးများ

  • အသည်းကောင်းစွာအလုပ်မလုပ်ခြင်း

  • အကိုက်အခဲပျောက်ဆေးများ (ဥပမာ - aspirin, ibuprofen)

  • ပြင်းထန်သောဓာတ်မတည့်မှုများ

  • ပြင်းထန်သော မီးလောင်ဒဏ်ရာများ

  • ပြင်းထန်သော ရေဓာတ်ဆံုးရှုံးခြင်း

  • ကျောက်ကပ်ပျက်စီးခြင်း

အောက်ပါရောဂါများ၊ အခြေအနေများနှင့် ပစ္စည်းများကြောင့်လည်း ကျောက်ကပ်ပျက်စီးပြီး ကောင်းစွာအလုပ်မလုပ်နိုင်ခြင်းဖြစ်နိုင်ပါတယ်။

  • ကျောက်ကပ်အတွင်းနှင့် အနီးတစ်ဝိုက်ရှိ သွေးလွှတ်ကြောနှင့် သွေးပြန်ကြောများထဲ၌ သွေးခဲများပိတ်ဆို့ခြင်း

  • အဆီခဲများကြောင့် ကျောက်ကပ်သို့သွေးစီးဆင်းမှု ပိတ်ဆို့သွားခြင်း

  • ကျောက်ကပ်အတွင်းရှိ ဇကာစစ်များရောင်ရမ်းခြင်း

  • အချိန်မတိုင်မီ သွေးနီဥများဖျက်ဆီးခံရခြင်းကြောင့် သွေးတွင်း၌ urea ခေါ် နိုက်ထရိုဂျင်ဓာတ်ပေါင်း တစ်မျိုးမြင့်တက်လာခြင်း

  • ရောဂါပိုးများ၀င်ရောက်ခြင်း

  • ကိုယ်ခံအားစနစ်မကောင်းခြင်းကြောင့် ကျောက်ကပ်ရောင်ခြင်း

  • ကယ်လ်ဆီယမ်ဓာတ်မြင့်တက်ခြင်း

  • သွေးရည်ကြည်ဆဲလ်များ၌ ကင်ဆာဖြစ်ခြင်း

  • Scleroderma (ခေါ်) အရေပြားနှင့် ပေါင်းကူတစ်သှျူးများကို ဖျက်ဆီးနေသော ရှားပါးရောဂါစု

  • ရှားပါးသော သွေးရောဂါများ (thrombotic thrombocytopenic purpura)

  • အဆိပ်အတောက်များ (အရက်၊ ကိုးကင် နှင့် အခြားဓာတုပစ္စည်းများ)

  • သွေးကြောများရောင်ရမ်းခြင်း

  • ကျောက်ကပ်အတွင်း၌ ဆီးများပိတ်ဆို့နေခြင်း

ဆီးမစွန့်ထုတ်နိုင်ခြင်းကြောင့် ကျောက်ကပ်ပျက်စီးနိုင်သောအကြောင်းအရင်းများမှာ -

  • ဆီးအိမ်ကင်ဆာ

  • ဆီးလမ်းကြောင်းအတွင်း သွေးခဲပိတ်ဆို့ခြင်း

  • သားအိမ်ခေါင်းကင်ဆာ

  • အူမကြီးကင်ဆာ

  • ဆီးကျိတ်ကြီးခြင်း

  • ကျောက်ကပ်၌ ကျောက်တည်ခြင်း

  • ဆီးအိမ်ကိုထိန်းချုပ်နေသော အာရံုကြောများပျက်ဆီးခြင်း

  • ဆီးကျိတ်ကင်ဆာ

Kaukkyat | Ecency