သက္ကရာဇ်တစ်ခုရဲ့ ရက်စွဲလေးထဲမှာ
တို့တစ်တွေ ရင်းနှီးခဲ့ကြတာ
အဲဒီတုန်းကတော့ အမှတ်တရပေါ့။
ရက်စွဲတစ်ခုရဲ့လရောင်အောက်မှာ
တို့အတူ ရင်ခုန်ခဲ့ဖူးတယ်
မှတ်မှတ်ရရအောက်တိုဘာ(၂၇)ရက်
ရွှေသိမ်တော် အတူဖူး
ရွှေသာလျောင်း အတူတက်ရင်း
တို့တစ်တွေ ပျော်ခဲ့ဖူးတယ်။
ကျွန်းတန်းလမ်းလေးအတူလျှောက်
ကန်ရေပြင် အတူကြည့်ရင်း
တို့တစ်တွေ ကြည်နူးခဲ့ဖူးတယ်။
ကျောင်းလမ်းမကြီးထက် ယှဉ်တွဲလို့
အတူလျှောက်လှမ်းရင်း ပျော်ရွှင်ခဲ့ဖူးတယ်
အရာအားလုံးဟာ ပုံပြင်လေးတစ်ပုဒ်လိုပါပဲ
တက္ကသိုလ်ကြီးနဲ့ ကျွန်းတန်းလမ်းကလေးက
တို့အဖြစ်ကိုတီးတိုးပြောနေတယ်လို့ ထင်မိပါရဲ့။
တစ်ချိန်တစ်ခါတုန်းက
ရွှေဆည်တက္ကသီလာရဲ့ ရင်ခွင်မှာ
အလွမ်းပုံပြင်လေးတစ်ပုဒ် ရှိခဲ့ဖူးတယ်လို့လေ.......။