မခွဲချင်သေးပါ ကျောင်းတော်ရာ

yemon(4)
Published in
#artzone
Words
48
Reading
1 min
Listen
Play
8y

image ခွဲခွာခြင်းနိမိတ် ပြက္ခဒိန်ရဲ့
ရက်ဒိတ်တွေ စေညွန်းခဲ့
အချိန်တန်အိမ်ပြန်ရမယ်ဆိုပေမဲ့
နေချင်ပါသေးတယ်။
အခုတော့တက္ကသိုလ်မြေမှာ ပညာဖွေရှာလို့
သုံးနှစ်သုံးမိုးတောင်ကြာခဲ့ပြီပေါ့
ပညာတွေပြည့် ခွဲရမယ့်နေ့တွေ
အလွမ်းငွေ့တွေနဲ့ နှုတ်ဆက်ရတော့မှာလား
တက်ကြွစည်းလုံးညီညာတဲ့
ဘူမိ မိသားစုလေးနဲ့လည်းမခွဲချင်ဘူး။
သူငယ်ချင်းတွေနဲ့ အတူရှိခဲ့တဲ့
နေရာအားလုံးကိုလည်း မမေ့နိုင်
ပညာသင်မောင်နှမတွေကိုလည်း မေ့လို့မရခဲ့ပါ
နှလုံးသား ပန်းချီလေးလည်း
ဆောင်းညရဲ့အိပ်မက်တွေဖြစ်လို့သွား
ဝေးရမယ့်အသိ ရင်ထဲရှိလာလို့
ခြေလှမ်းတွေက ယိုင်နဲ့နဲ့
အလွမ်းတွေဝေလို့ ပန်းတွေကြွေကြေးဆိုရင်
ကျွန်တော့နှလုံးသားလေးလဲ ကမ္ဘာမြေရဲ့ဆွဲအားနှင့်အတူ
မြေမှုန်တွေ လူးကုန်ပါလိမ့်မယ်။
လွမ်းဆွတ်ခြင်းတွေနဲ့ ရောယှက်လို့
ခွဲခွာရမယ့် နေ့ရက်တွေနဲ့
အဝေးဌာနေ တမာမြေကို
မပြန်ချင်လည်း ပြန်ရဦးမယ်
တောင်တန်းတွေနဲ့အပြိုင် ပန်းခိုင်တွေကြားက
အမိတက္ကသိုလ် မြေသဖွယ်
ရွှေဆည်တက္ကသိုလ်မြေရယ်.....။

မခွဲချင်သေးပါ ကျောင်းတော်ရာ | Ecency