ခွဲခွာခြင်း သို့

yemon(4)
Published in
#artzone
Words
44
Reading
1 min
8y
Listen to this post
~1 min

image
တကယ်ခွဲရတော့မယ် မိဆည်...
ခွဲခွာသူနဲ့ ချစ်ရသူ
ဘယ်သူ့အလွမ်းက ပိုမလဲဟင်...?
မလွှဲသာလို့ ခွဲချန်ထားရစ်ခဲ့ရပေမယ့်
စိတ်မချတဲ့ ချစ်စိတ်တွေက
ခြင်္သေ့လည်ပြန်ကြည့်ခဲ့ချင်သေးတယ်
ပြန်တမ်းတမိတယ် မိဆည်...
တစ်ယောက်ကိုတစ်ယောက်က ငေးကြည့်ရင်း
ကြည်နူးကြွေလွင့်ခဲ့တဲ့ နေ့ရက်တွေ
စက္ကူပန်းပင်လေးရဲ့ ဘေးမှာထိုင်ပြီး
တစ်ယောက်ကိုတစ်ယောက် ချစ်တယ်လို့ပြောခဲ့တာတွေ
ဟော့ဒီနောက်က တောင်တန်းကြီး
ပွင့်ဖက်တွေကြွေကျသွားရင်တောင်
တို့နှစ်ယောက်မခွဲဘူးဆိုတဲ့
ဆည်းလည်းသံလေးတွေ
လွမ်းတယ် မိဆည်.....
နင်နဲ့ငါချစ်သူတွေဖြစ်ခဲ့တဲ့
ဇွန်လ(27)ရက်နေ့လေးတွေကိုပေါ့
အဲဒီနေ့လေးမှာ
ကျောင်းလမ်းမကြီး ပိုနူးညံ့တယ်
ကျွန်းတန်းလမ်းလေးပိုစိမ်းလန်းတယ်
စိမ်းညိုပြာလဲ့တောင်းတန်းကြီးပေါ်က
လွမ်းစေတီလေး...ပိုကြည်နူးတယ်....
ငါလဲ.....
မိဆည်ရယ်......
နင့်ရဲ့နွေးထွေးတဲ့အပြုံး
ယုယတဲ့ အနမ်းအရှိုက်
ပြီးတော့ အရာအားလုံးပေါ့......
်

ခွဲခွာခြင်း သို့ | Ecency