ကော်ဖီသောက်တိုင်းလွမ်းတယ်

yemon(4)
Published in
#artzone
Words
51
Reading
1 min
Listen
Play
8y

image ကော်ဖီသောက်ရင်းအမှတ်မထင် ဆုံတွေ့ခဲ့ရတဲ့ချစ်သူ
မင်းငါ့အပေါ်ကော်ဖီလိုခါးသက်ခဲ့ပေမဲ့
ကော်ဖီလိုပဲမင်းကိုငါစွဲလမ်းနေမိပြီ
ရနံ့လေးတွေသင်းနေတဲ့မင်းရဲ့
အထိအတွေ့တွေကို နံနက်စာအတွက်
အဆာပြေကော်ဖီသောက်သလို
မဟုတ်ခဲ့တာ သိပ်သေချာတယ်
ဘဝတစ်ကွေ့
ကျောက်ဆည်တက္ကသိုလ်မှာ သောက်ခဲ့ရတဲ့ကော်ဖီက မင်းအတွက်
အမှတ်တရ မဖြစ်ခဲ့ပေမဲ့
ငါ့အတွက်တော့
ကော်ဖီသောက်တဲ့ည ရင်တုန်ပြီး
အိပ်မပျော်တာထက်မင်းအကြောင်းတွေစဉ်းစားပြီးရင်ခုန်လို့အိပ်မရတာ
ပိုဆိုးခဲ့ရတယ်။
မင်းကိုသာကော်ဖီထုပ်လေးလို ဝယ်ယူလို့ရခဲ့မယ်ဆိုရင်
ငါလေမသောက်ရက်ဘဲ ကောင်တာထဲမှာထည့်ပြီး
အလှကြည့်နေမိမှာပါ။
ကျောက်ဆည်တက္ကသိုလ်မှာ မင်းမရှိတော့ပေမဲ့ သတိရတိုင်း
ကော်ဖီတွေသောက်နေမိတယ်။
ကျောက်ဆည်တက္ကသိုလ်ကို
မင်းပြန်လာဖို့ မသေချာပေမဲ့
ကော်ဖီနဲ့အတူ စောင့်မျှော်နေမယ်။
မင်းကပဲငါ့အပေါ် ကော်ဖီလိုများ
ခါးသွားတာလား ဒါမှမဟုတ်
ငါကပဲမင်းကို ကော်ဖီလို
သောက်လိုက်မိတာလားဆိုတာ
မစဉ်းစားတတ်တော့ဘူး။
သေချာတာကတော့ ကော်ဖီသောက်တိုင်း
လွမ်းတယ် ချစ်သူရယ်......။
(Facebook from photo credit)

ကော်ဖီသောက်တိုင်းလွမ်းတယ် | Ecency