ဘဝခရီးသွား အိုလူသားသို့

yemon(4)
Published in
#artzone
Words
36
Reading
1 min
Listen
Play
8y

image *လူဆိုသည်မှာ
အရာရာကို ပညာမျက်စိ
ဉာဏ်အသိဖြင့်,ကြည့်ပါစေ,အိုအဆွေ။
*အမှောင်လမ်းကို ဖြတ်သန်းပြီးမှ
ထွန်းပဝင်းဝင်း ကြည်လင်ရှင်း၍
အလင်းတန်းကို တွေ့လိမ့်မည်။
*ခရီးတစ်ထောက်
အရိပ်ရောက်ဖို့ လျှောက်ရမည်ပေါ့
ဘဝနေပူ အားလုံးလူတည့်။
*နွမ်းလျမမော
ခယောင်းတောလမ်း မည်သို့ကြမ်းစေ
လှမ်းရမည်မှာ ကိုယ့်ဝန်တာတည့်။
*လောကလူသား ခရီးသွားငဲ့
အားငယ်ကြောက်ရွံ့ နောက်တွန့်ကာလေ
မတွေဝေနှင့် "သေလျှင် မြေကြီး"
"ရှင်...ရွှေထီး"ပေါ့ ကြီးမြတ်စိတ်ထား
ဇွဲမာန်အားဖြင့် နိုးကြားတက်ကြွ
"ဝိရိယ" သည်....
လောကပန်းတိုင် ရောက်ပါအံ့။ ။

ဘဝခရီးသွား အိုလူသားသို့ | Ecency