Roma Biography

Words
82
Reading
1 min
8y
Listen to this post
~1 min

စိတ်ဝင်စားဖွယ်ရောမမြို့လေး
image
အီတလီနိုင်ငံမှာ တည်ရှိတဲ့ ရောမမြို့ဆိုတာ ရှေးဟောင်းသမိုင်းဝင် နေရာတွေနဲ့ သမိုင်းကြောင်းတွေအများကြီး လွှမ်းခြုံခဲ့တဲ့ ရှေးကျတဲ့ မြိုလေးတစ်ခုပါ။

ဒီလိုရောမမြို့လေးမှာလည်း စိတ်ဝင်စားစရာကောင်းတဲ့ထူးခြားတဲ့ အကြောင်းတွေအများကြီး ရှိနေပါတယ်။

အခုဆိုရင်တော့ခေတ်သစ် ရောမမြို့လေးမှာ ရေပန်းအလှပေါင်း ၂၄၀ခုနဲ့ ဘုရားကျောင်း ၉၀၀ကျော်ရှိပါတယ်။ ရောမမှာအများစုက ကတ်သလစ်ဘာသာဝင်တွေ ဖြစ်ကြပါတယ်။

ရောမမြို့ကို သွယ်ဆက်ထားတဲ့လမ်းတွေကို လေးရာစုကတည်းက ဖောက်လုပ်ခဲ့တာဖြစ်ပြီး မိုင်ပေါင်း ငါးသောင်းသုံးထောင်ဝန်းကျင် ရှိပါတယ်။

အရင်ရှေးရှေးတုန်းက ရောမလူမျိုးတွေဟာ သူတို့ရဲ့တိုင်းရင်းသားဝတ်ရုံကို ဝတ်ဆင်လေ့ရှိကြပြီး ရောမနိုင်ငံ သား ဆိုတဲ့သင်္ကေတအဖြစ် ပေါ်လွင်စေဖို့ဖြစ်ပါတယ်။

၁၈၇၀ ခုနှစ်မှာ အီတလီနိုင်ငံရဲ့မြို့တော်အဖြစ် ရောမမြို့ကို သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ထူးထူးခြားခြားပါပဲ ရောမမြို့မှာ မွေးဖွားတဲ့ကြောင်လေးတွေက သူတို့မွေးဖွားတဲ့မြို့ရဲ့ဘယ်နေရာမှာမဆို နေခွင့်ပြုတဲ့ စနစ်လည်း ရှိပါတယ်။

အရင်ခေတ်ရောမမှာဆိုရင် အမျိုးသမီးဆိုးတဲ့ ခေတ်စားတဲ့ဆံပင်အရောင်က အနီရောင်နဲ့ ရွှေအိုရောင်ဖြစ်ပါ တယ်။

ပထမဦးဆုံးဈေးဝယ်စင်တာကို တော့ အေဒီ ၁၀၇နဲ့ ၁၁၉ မှာတည်ဆောက်ခဲ့တာဖြစ်ပြီး အင်ပါယာ တီရာဂျန်က ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

ရောမနိုင်ငံရဲ့ ပထမဦးဆုံး တက္ကသိုလ်ဖြစ်တဲ့ La Sapienza ကိုအေဒီ ၁၃၀၃ မှာဆောက်လုပ်ခဲ့တာ ဖြစ်ပြီး ဥရောပမှာအကြီးဆုံး တက္ကသိုလ်ဖြစ်ခဲ့ပါတယ်။

အခုဆိုရင်လည်း ရောမမြို့မှာ လှပတဲ့မြို့စာရင်းထဲမှာပါဝင်ပြီး သွားရောက်လည်ပတ်လို့ကောင်းတဲ့ နေရာတစ်ခုဖြစ်လာပါတယ်။

Written..yehtetaung@yehtetaung

Roma Biography | Ecency