ဗိုက်ကအဆီခေါက်တွေ တွန်းလှန်ကြမယ်..
အဝတ်အစားဝတ်တဲ့အခါ သပ်သပ်ရပ်ရပ်နဲ့ကြည့်ကောင်းနေဖို့ဆိုရင် ဗိုက်မှာအဆီမရှိဘဲ ချပ်ချပ်ရပ်ရပ်ဖြစ်နေမှ အဆင်ပြေမှာပါ။
ဗိုက်သားလေးဆူထွက်နေတဲ့ သူတွေအတွက် ဒီမှာဖော်ပြပေးတဲ့နည်းလမ်းတွေကို သေချာလုပ်ဆောင်မယ်ဆို ရင် ဗိုက်အဆီတွေ တစ်ပတ်အတွင်းမှာတင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွား မှာပါ။
(၁)အစားကိုကြေညက်အောင်ဝါးပါ။
အစားအစာတွေစားသုံးတဲ့အခါ ကြေညက်အောင်ဝါးစားမယ်ဆိုရင် အစားအစာတွေထပ် မယူဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ အစားအစာတွေကို ကြေညက်အောင်မဝါးဘဲ မျိုချတာလိုက်တာက အစာချေ စနစ်အတွက် အဟန့်အတားဖြစ်စေနိုင်ပြီး အစာအိမ်ကနေဂတ်စ်တွေ ပိုမိုထွက်လာနိုင်ပါတယ်။
(၂) အငန်ဓာတ်ပါတဲ့အစားအစာတွေကို လျော့စားပါ။
(၃) အချိုဓာတ်၊ သကြားဓာတ်လွန်ကဲတဲ့ အစားအစာတွေကိုလည်းရှောင်ပါ။ ခန္ဓာကိုယ်မှာ သကြားဓာတ်ကို လျော့ချလိုက်မယ်ဆိုရင် Glucagon ဟော်မုန်းထွက်ဖို့ပိုပြီးအဆင်ပြေလာနိုင်ပြီး ဗိုက်အဆီတွေကို လောင်ကျွမ်း သွားဖို့ အကူအညီဖြစ်ပါလိမ့်မယ်။
(၄) မနက်စောစော ထပြေးတာ၊ စက်ဘီးတာ၊ ကြိုးခုန်တာ စတဲ့ကိုယ်လက်လှုပ်ရှားမှု ဖြစ်စေတဲ့အားကစား လေ့ကျင့်ခန်း တစ်ခုခုကို နာရီဝက် ဒါမှမဟုတ် မိနစ် ၂၀ခန့် နေ့စဉ်လုပ်ဆောင်ပါ။
(၅) ဗိုက်အဆီကျစေချင်တယ်ဆိုရင်တော့ ပုံမှန်အစားအများကြီးစားတတ်တာကို လျော့ပြီးစားပါ။
(၆) နေ့လည်စာနဲ့ ညစာ မစားခင် အဆာပြေတစ်ခုခု စားပါ။ အဆာပြေစားတဲ့အခါ ကယ်လိုရီနည်းပြီး ကျန်းမာရေးနဲ့ ညီတဲ့အစားအစာမျိုးကို ရွေးချယ်စားသုံးသင့်ပါတယ်။
(၇) အရက်၊ ဘီယာသောက်သုံးခြင်းကို ရှောင်ပါ။ အရက်က လူကိုမဝစေနိုင်ပေမယ့်လည်း အရက်သောက်တာ ကြောင့် ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေကို နှောင့်နှေးစေပါတယ်။ မလိုအပ်တဲ့ ကယ်လိုရီတွေလောင်ကျွမ်းဖို့ အရက်က အဟန့်အတားဖြစ်စေနိုင်ပါတယ်။
Written..@yehtetaung
Photo..Google