တရုတ်နှစ်သစ်ကူးရဲ့ အချက်အလက်တချို့
၂၀၁၈ ခုနှစ် တရုတ်နှစ်သစ်ကူးဟာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာကျရောက်မှာဖြစ်ပါတယ်။
တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲအခမ်းအနားတွေကိုတရုတ်နိုင်ငံအပြင် ကမ္ဘာတစ်ဝန်းတရုတ်လူမျိုးတွေရှိတဲ့နိုင်ငံတိုင်းမှာကျင်းပပြုလုပ်ကြလေ့ရှိပါတယ်။
၁။ နှစ်စဉ်ရက်ပြောင်းလဲနေခြင်း
တရုတ်နှစ်သစ်ကူးကို တရုတ်ရိုးရာပြက္ခဒိန်မှာ ဖော်ပြထားချက်အရ သတ်မှတ်ပြုလုပ်ကြတာဖြစ်ပြီး ပုံသေရက်လိုမျိုးတော့ အတည်တကျမရှိပါဘူး။ နှစ်စဉ် ဇန်န၀ါရီလလယ်နဲ့ ဖေဖော်ဝါရီလလယ်တို့အတွင်း တရုတ်နှစ်သစ်ကူး ကျရောက်လေ့ရှိပြီး ၂၀၁၈ ခုနှစ်အတွက် တရုတ်နှစ်သစ်ကူးကတော့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ကျရောက်မှာဖြစ်ပါတယ်။
၂။ Spring Festival
တရုတ်နှစ်သစ်ကူးကို Lunar New Year၊ Chinese New Year စသဖြင့် သိရှိကြသလို Spring Festival လို့လည်း တချို့က ခေါ်ဆိုကြပါတယ်။
၃။ ရာသီခွင်အကောင်တွေသတ်မှတ်ထားခြင်း
တရုတ်နှစ်တွေမှာ နှစ်အလိုက် ရာသီခွင်အကောင်တွေ သတ်မှတ်ထားပါတယ်။ တရုတ်ပြက္ခဒိန်မှာ နှစ်ပေါင်း ၆၀ ပါဝင်ပြီး ၁၂ နှစ်ပြည့်တိုင်း အသေးစားလှည့်လည်လေ့ရှိပါတယ်။ အဲဒီ ၁၂ နှစ်ကာလအတွက် တစ်နှစ်ချင်းစီအလိုက် သတ်မှတ်ထားတဲ့ရာသီခွင်အကောင်တွေရှိပါတယ်။ အဲဒီအကောင်တွေကတော့ ကြွက်၊ နွား၊ ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ သိုး၊ မျောက်၊ ကြက်၊ ခွေးနဲ့ ၀က်တို့ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းကျရောက်မယ့် တရုတ်နှစ်သစ်အတွက် ရာသီခွင်အကောင်ကတော့ ခွေးဖြစ်ပါတယ်။
၎။ မီးပုံးပွဲတော်
နှစ်သစ်ကူးကာလအတွင်း မီးပုံးပွဲတော်ကိုလည်း ကျင်းပကြလေ့ရှိပါတယ်။ တရုတ်နှစ်သစ်ကူးနေ့ဖြစ်တဲ့ နှစ်ဆန်း ၁ ရက်နေ့မှာ မီးပုံးပွဲတော်ကို ခမ်းခမ်းနားနားကျင်းပပြုလုပ်ကြလေ့ရှိပြီး ၁၅ ရက်ကြာ ပြုလုပ်ကြလေ့ရှိပါတယ်။
၅။ အနီရောင်တွေဖုံးလွှမ်းခြင်း
တရုတ်လူမျိုးတွေအနေနဲ့ နှစ်သစ်ကူးကာလမှာ မင်္ဂလာယူတဲ့အနေနဲ့ မင်္ဂလာအရောင်ဖြစ်တဲ့ အနီရောင်ကို အသုံးပြုကြလေ့ရှိပါတယ်။ အနီရောင်မီးပုံး၊ အနီရောင်စက္ကူတွေ၊ အနီရောင်အ၀တ်အစားတွေကို ၀တ်ဆင်ကြလေ့ရှိပါတယ်။ အနီရောင်ဟာ ပျော်ရွှင်ခြင်း၊ ချမ်းသာကြွယ်ဝခြင်းနဲ့ လာဘ်လာဘကောင်းခြင်းတွေကို ရရှိစေသလို ကောင်းမွန်မှုတွေကိုလည်း သယ်ဆောင်လာပေးတယ်လို့ ယုံကြည်ကြပါတယ်။
Written...@yehtetaung
HFS..A(11)
Photo..Google
Ref..Wow Box