Foundation

xaun(15)
Published in
#esteemapp
Words
138
Reading
1 min
Listen
Play
8y

အင်းဒင်‌‌ဖောင်‌‌ဒေးရှင်း တည်‌‌ထောင်‌‌ရေး

အင်းဒင်​​ဖောင်​​ဒေးရှင်း တည်​​ထောင်​ဖြစ်​ဖို့ ကျွန်​​တော်​တို့ ကြိုးစားရပါ​တော့မယ်​။ ယခင်​က အင်းဒင်​ဖြစ်​စဉ်​အတွက်​ အပြစ်​​ပေးခံထားရသူ တပ်​မ​တော်​သား ၁၀ ဦးရှိပြီး ရဲတပ်​ဖွဲ့ဝင်​ ၃ ဦး ရှိ​နေပါတယ်​။ ဒီပုဂ္ဂိုလ်​​တွေဟာ မိမိတိုင်းရင်းသားညီအစ်​ကို​တွေကို ကာကွယ်​ရင်း လွန်​မိတဲ့ အမှားအတွက်​ အပြစ်​​ပေးခံခဲ့ကြရတာပါ။ ဒီပုဂ္ဂိုလ်​​တွေကို ကူညီနိုင်​ဖို့ ​ဖောင်​​ဒေးရင်း တခု တည်​​ထောင်​ဖို့ ကျွန်​​တော်​ ပိုစ့်​တင်​ခဲ့ဖူးပါတယ်။ အခု အချိန်​အထိ အ​ကောင်​အထည်​ မ​ဖော်​နိုင်​ဘူး ဖြစ်​ခဲ့ရပါတယ်​။
ဒီက​နေ့မှာ​တော့ ကျွန်​​တော်​ စ တင်​လိုက်​ပါပြီ။ ​တောင်​တွင်းကြီးမြို့မှာ ဘဏ်​ခွဲရှိ​သော ဘဏ်​အားလုံးမှာ အ​ကောင့်​ ဖွင့်​ခဲ့ပါတယ်​။
အ​ကောင့်​တိုင်းမှာ တစ်​​သောင်း ကျပ်​စီ မတည်​ ထည့်​ဝင်​ထားပါတယ်​။
နောင်​တချိန်​မှာ ​ဖောင်​​ဒေးရှင်း အ​သေအချာ ဖွဲ့စည်းပြီးချိန်​မှာ လက်​ရှိဘဏ်​အ​ကောင့်​များသို့ ထည့်​ဝင်​ကူညီ​ငွေများကို စုစည်းပြီး ​ပေးအပ်​သွားပါမယ်​။
ငွေ​ရေး​ကြေး​ရေး ယုံကြည်​စိတ်​ချမှုအတွက်​ ကျွန်​​တော်​အာမခံ​ချက်​ ပေးနိုင်​တာက​တော့ ဒီဘဏ်​အ​ကောင့်​​တွေက​နေ ထုတ်​ယူမှု လုံးဝ မရှိ​​စေကြောင်းပဲ ဖြစ်​ပါတယ်​။
ငွေကြေးထည့်​ဝင်​ကူညီသူများဖြင့်​ ​ဖောင်​​ဒေးရှင်းကို ဖွဲ့စည်း သွားပါမယ်​။
ဒီ​ဖောင်​​ဒေးရှင်းဟာ ​ရေရှည်​ရပ်​တည်​​ဆောင်​ရွက်​ရမှာဖြစ်​တဲ့အတွက်​ တပ်​မ​တော်​ကို ချစ်​မြတ်​နိုးကြ​သော၊ တပ်​မ​တော်​၏ အမျိုးသား​ရေး​ဆောင်​ရွက်​ချက်​များကို ​ထောက်​ခံအား​ပေးကြ​သော ညီအစ်​ကိုများအ​နေဖြင့်​ ပူး​ပေါင်းပါဝင်​ကြဖို့ ဖိတ်​​ခေါ်ပါတယ်​။ လက်​ရှိအခင်းအကျင်းများအရ ​ထောက်​ပံ့ရမည့်​ ပုဂ္ဂိုလ်​​တွေ ပိုမိုများပြားလာနိုင်​ပါတယ်​။ ဒါ​ကြောင့်​ ကြိုတင်​ပြင်​ဆင်​ကြဖို့ တိုက်​တွန်းလိုက်​ရပါတယ်​။
အောက်​ပါဘဏ်​အ​ကောင့်​များသို့ ​ပေးပို့ ကူညီနိုင်​ပါတယ်​။ အပတ်​စဉ်​ ​သောကြာ​နေ့ ညတိုင်းမှာ ထည့်​ဝင်​ကူညီသူများနှင့်​ ဘဏ်​အ​ကောင့်​များရှိ ​ငွေ​ကြေးအ​ခြေအ​နေတို့ကို ​ဖော်​ပြ​ပေးသွားပါမယ်​။
ဒီဘဏ်‌ အ‌ကောင့်‌ ၅ ခုမှာ ကျွန်‌‌တော်‌မတည်‌‌ငွေ ၁၀၀၀၀ တစ်‌‌သောင်းကျပ်‌စီ ထည့်‌ဝင်‌ထားပါတယ်‌။
၁။ မြဝတီဘဏ်
Acc No. S100-K058-1000-138S
၂။ MOB ဘဏ်
Acc No. 602-121-0017-510
၃။ AGD ဘဏ်
Acc No. 316-000-100-208-1013
၎။ KBZ ဘဏ်
Acc No. 385-301-065-0005-5401
၅။ ရိုးမဘဏ်‌
Acc No. 003-144-124-001-287
၆။ CB ဘဏ်‌
Acc No. 002-560-010-008-7637

Foundation | Ecency