PutaO

Words
76
Reading
1 min
Listen
Play
8y

ပူတာအို
image

ရာသီဥတုသည် ရေခဲတောင်နှင့် နီး၍လား မပြောတတ် ယခုလို နွေရာသီ၌ပင် များစွာအေးလှသည်။ အေးမည်ဆိုတာကို ကြိုပြောထားသဖြင့် သင်္ကန်းထူထူများ ရွေးယူခဲ့ရသည်။ သို့သော် သတိမေ့လျော့ပြီး အနွေးထည်က ပါမလာတော့ အခက်တွေ့ရပြန်သည်။

ရာသီဥတုသည် အေးသည့်အပြင် မိုးလေးက တစိမ့်စိမ့် ရွာလိုက်သေးသည်ဖြစ်ရကား စောင်နှစ်ထည်ကို ထပ်ခြုံပြီး ကျိန်းစက်ဖို့ ဒကာ ဒကာမများမှ သတိပေးလျှောက်ထားလာသည်။

မိမိသည် အပူပိုင်းဒေသများ၌သာ အသားကျနေသည်ဖြစ်ရကား စောင်နှစ်ထည်ကို ထပ်ပြီးတော့ မခြုံစဖူး။ ထူထူထဲထဲ ယုံမွေးစောင်ကြီးများကို နှစ်ထည်ထပ် ခြုံအိပ်သောအခါတိုင်း ခနကြာသော် တစ်ထည်သည် ဘယ်ရောက်သွားသည်မသိ ပြန်ပြန်ရှာပြီး ခြုံရသည်။

ပူတာအိုအလှူ

ရေစက်ချလို့ ပြီးပါပြီ၊ တရားနာလို့ ပြီးပါပြီ၊ အလှူတော်ကြီးလည်း အောင်ပါပြီ။
image

ဓမ္မပူဇာများမှ အလှူငွေများကို မန်စေကျောင်းဆရာတော်အား လိုရာသုံး (၅) သိန်းကျပ်၊
မန်ပန်ကျောင်းဆရာတော်အား ရေမော်တာတပ်ဆင်ရန် (၂) သိန်းကျပ်နှင့် အရှင်သုဘောဂ လှူခိုင်းသော (၁) သိန်းကျပ်၊
ဝေယျာဝစ္စဆရာတော်အား (၂) သိန်းကျပ်၊
လန်းတောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဆောက်ရန် (၁) သိန်းကျပ်၊
စုစုပေါင်း (၁၁) သိန်းကျပ်ကို လှူဒါန်းခွင့်ရပါသည်။

နတ်လူသာဓုခေါ်စေသော်