တန်ဘိုးထားရမည့်အရာတွေပါ

wanna1(31)
Published in
#artzone
Words
69
Reading
1 min
Listen
Play
8y

ကျွန်တော့်မိတ်ဆွေ ကို Htue Htue Aung လာပြလို့ ကျွန်တော်လည်းတွေ့တာပါ...

သူ့သူငယ်ချင်းတစ်ယောက် တင်ထားတဲ့ ပုံတွေလို့ပြောပါတယ်...

ကာယကံရှင်က ခွင့်ပြုလို့ ကျွန်တော် ပြန်တင်တာပါ...

ဒီနေ့မနက် ၉း၃၀ လောက်က... မြိတ်မြို့ ရွှေရာစု စားသောက်ဆိုင် အရှေ့က ဆိပ်ကမ်းတစ်ခုမှာတွေ့ခဲ့တာလို့ ပြောပါတယ်...

Rays တွေရော Shark တွေရော မြင်မကောင်းအောင်ပါပဲ...

ကျွန်တော်ကိုယ်တိုင် တွေ့ချင် မြင်ချင်လွန်းလို့ နှစ်နဲ့ချီပြီး ပင်လယ်ထဲ လိုက်ရှာခဲ့ရတဲ့ ရှားပါးရေနေသတ္တဝါတွေ...

နိုင်ငံတကာမှာ အမြတ်တနိုးတန်ဖိုးထားပြီး တိုင်းပြည်နဲ့ ဒေသခံတွေရဲ့ ဝင်ငွေတွေကို သောက်သောက်လဲရှာပေးနေတဲ့ ရတနာတွေ...

ကျွန်တော်တို့ဆီမှာတော့ ဒီအတိုင်းပဲ ကြည့်နေကြတော့မှာလား...?

သက်ဆိုင်ရာ တာဝန်ရှိသူများ အစည်းအဝေးတွေလုပ်တာလည်း လုပ်ကြပါ...

မြေပြင် Ground ကို ဆင်းကြည့်ပြီး ပညာပေးမှုတွေ၊ စည်းရုံးလှုံဆော်မှုတွေလည်း လုပ်ကြပါဦးလို့ မေတ္တာရပ်ခံပါတယ်...

ဒီအတိုင်းဆက်သွားနေရင် အချိန်တွေ တော်တော်လွန်ကုန်ပါလိမ့်မယ်...

နောင်တဆိုတာ ဘယ်နေရာမှာမှ မကောင်းပါ ဘူးဗျာ...

(ခဏ ခဏ ပြောလွန်းလို့ လူလည်း လူမုန်းများလှပါပြီ)

image
image
image
image
image
image
image
image

တန်ဘိုးထားရမည့်အရာတွေပါ | Ecency