သဘာဝတရား ဆန်းပြားအလှ ပန်းဘာဝ

Words
67
Reading
1 min
Listen
Play
6y

ပို့စ်မတင်ရတာလည်း အတော်ကြာနေပြီ။ ဘာတင်ရမလဲလို့လဲ
မတွေးနိုင်အားပါဘူး။ online earning လုပ်ဦးမှ
ဖြစ်မယ် ဆိုတဲ့ အတွေးနဲ့ လိုင်းပေါ်မှာ လျှောက်ကလိရတာလည်း
လက်ညောင်းမျက်စိနာတာပဲ အဖက်တင်သေး။ ဘာမှ မယ်မယ်ရရ
မရရှိသေးဘူးကိုးဗျ။

ဒါနဲ့ ဒီနေ့တော့ နီနီရဲရဲ ပန်းတွေ ပွင့်နေတာ ပုံရိုက်တင်လိုက်ပါတော့မယ်။
ဒီပန်းနီနီအာအာလေးတွေကို ခတ္တာ ဟု ခေါ်ကြသလား။
စီးပွားဂမုံး ဟု ခေါ်ကြမလား။

IMG_20200502_125407.jpg

ပန်းပင်ရဲ့ သဘာဝကတော့ မြေကြီးတွင်းမှာ ဥ ဥ အပင်ပေါက်တဲ့
အမျိုးပါ။ တစ်နှစ်မှ တစ်ခါပဲ ပွင့်ပါတယ်။ ပန်းပွင့်ဖို့ ရွက်တိုင်
အရင် ထွက်ပေါ်လာပြီး ပန်းတွေ ပွင့်ပါတော့တယ်။ ဒီနောက်တော့
အရွက်တွေ ထပ်ထွက်လာပြီးလျှင် အရွက်တွေ ညှိုးကြွေသွားပြီးတဲ့နောက်
မြေကြီးပေါ်မှ ပျောက်သွားပါတော့တယ်။ နောက်တစ်နှစ်ကြမှပဲ
ပြန်ပေါ်လာပြီး အပွင့်တွေ တစ်ဖန် ပြန်ပွင့်တဲ့ မြေအောင်းဥပင်မျိုးပါ။

နည်းနည်းတော့ ထူးဆန်းတယ် မဟုတ်လားဗျာ။ ဒါကြောင့်သာပဲ
အလှတရားနှင့် သဘာဝဆန်းပြားပုံကို တင်ပြလိုက်ရတာပါပဲ။

walarhein@walarhein

သဘာဝတရား ဆန်းပြားအလှ ပန်းဘာဝ | Ecency