Have a nice day all friends ...
ဒီနေ့ တောထဲ က လယ်ကန်သင်း စည်းရိုး မှာ အလေ့ကျ ပေါက်နေတဲ့
ဂုဏ်ပင်လေး အပွင့်တွေ ဝေဆာ နေတာ မြင်ရတာနဲ့ ပုံရိုက်
တင်လိုက်ပါတယ်။
ငယ်ငယ် ကတော့ ဂုဏ်ညွန့်ဂုဏ်ငေါက် ချက်စားရတာ
ကြိုက်နှစ်သက်မိခဲ့ပါတယ်။ အရသာ က လေးပြီး ချိုပါတယ်။
ဂုဏ်ပန်းပွင့်လေးတွေက သေးသေးဝါဝါလေးမို့ သိပ်အမြင်မကွဲနိုင်ပါ။
ဂုဏ်ပင် ကို ဂုဏ် ဟု စာလုံးပေါင်းတာ မှန်မယ် မထင်ပါ။
ဂငယ် တစ်ချောင်းငင် နငယ်သတ် ဂုန် သာ ဖြစ်နိုင်ပါတယ်။
သို့သော် ဂငယ် တစ်ချောင်းငင် ဏကြီးသတ် ဂုဏ် ကို ပိုသဘောကျ
မိလို့ ရေးလိုက်မိတာပါပဲ။
ဘယ်ဟာမှန်လဲ မိတ်ဆွေတို့ရော အတိအကျ သိကြလားဗျ။