Good morning...
ညက မိုးဖွဲဖွဲကျခဲ့ပြီး မနက် မလင်းခင် မိုးရွာချတာ ရေ အတော်ပါတယ်။
သစ်ပင်တွေ စိမ်းလန်းစိုပြေလာပြီး အချို့ အဖူးအငုံတွေ ပွင့်အာလာကြတယ်။
ဒီပန်းက နဂါးမောက်ပန်းပွင့် ပါ။
အိမ်မှာ စားဖို့ စိုက်ပျိုးထားတဲ့ အပင်က ပွင့်နေတာပေါ့။
အသီးတွေလည်း သီးနေပါပြီ။
နဂါးမောက်သီး ကြိုက်ကြသလား။
ကျွန်တော်က နဂါးမောက်သီး ကြိုက်ပါတယ်။
အစေ့လေးတွေ ဝါးမိတဲ့ အရသာကိုလည်း သဘောကျတယ်။
ရွာမှာတော့ နဂါးမောက်ပင်ကို အိမ်စားဖို့လောက်ပဲ စိုက်ကြတာပါ။
ရောင်းချဖို့တော့ မစိုက်ကြပါဘူး။
နဂါးမောက် ပန်းပွင့်တွေ လှပနေတာကို ဓာတ်ပုံရိုက်ပြီး မျှဝေပေးလိုက်ပါတယ်။