ကဗျာ -၂

Words
43
Reading
1 min
Listen
Play
9y

***ဆောင်း ***

◆ရာသီဆောင်းရဲ့အခြံရံ
ဖြူလွှလွှ နှင်းစက်တွေကို
ပန်းတွေသောက်တဲ့ မနက်ခင်းတွေ
(ကြည့်ရင်း...)
အေးချမ်းလိုက်တာကွယ်။

◆မိုးရိပ်တွေ မလာပါနဲ့
မုန်တိုင်းတိုင်းတွေ ကြောက်လို့ပါ
နွေနိမိတ်တွေမပြပါနဲ့
လှောင်မြိုက်ခြင်းတွေကြောက်လို့ပါ။

◆အချစ်ကိုပျိုးတော့မယ့်…...ဆောင်း
ရင်ကိုတိုးတော့မယ့်…….ဆောင်း
ဖြူလွှလွှဒီနှင်းစက်တွေက
ရင်ခြင်းဆက်သက်သေမို့
ပျောက်ကွယ်သွားမှာစိုး...စိုးမိသူပါကွယ်။

◆ဒါပေမယ့်လည်း၊
မသက်ညှာ ကံတရား
လှည့်စားခဲ့ရင်ပေါ့
မိုးပဲ လာလာ
နွေပဲ ရောက်ရောက်
ဆောင်းနဲ့ပဲမိတ်ဖွဲ့မယ်လို့
လွင့်မျောခြင်း မနက်ဖြန်တွေထဲ
ယုံကြည်ခြင်း ပန်းတစ်ခင်း
ငါ့ရင်မှာစိုက်ပျိုးလိုက်ပြီ။
image

    Author -Wai Zin Thwe (Pseudonym -Alingatei)

MSC - 104

ကဗျာ -၂ | Ecency