ညနေအလှ

Words
36
Reading
1 min
9y
Listen to this post
~1 min

ညနေ အလှ


image

ကိုင်းပန်း ဖြူ ဖြူ လေးတွေထိပ်မှာ
နေလုံးနီနီချိပ်တော့
တိမ်တွေဟာ အပြိုင်တောက်
နွားခလောက်သံတွေ ဆူနေမလား
ရွာစည်းရိုးမှာလည်း
မီးခိုးတန်းလေး အိပ်စက်နေရောပေါ့

ငှက်ကလေးတွေက အစ
ပုဇင်းကျားလေးတွေ အဆုံး
အိမ်ကလေးတွေဆီ ပုန်းခို

အချိန်လည်းတန်ခဲ့ပါရဲ့
အိမ်ပြန်လမ်းရဲ့ ဟိုးအဝေးမှာ
တိမ်တွေတောင် အငိုရောင်ပြေးလို့။

မြောက်ပြန်လေ အနမ်းမှာ
ခိုက်ခိုက်တုန်အောင် လွမ်းရ

တနေကွယ်ခဲ့ပြီ အမေ. . . . .

ညနေအလှ | Ecency