My Poem for Steemit

Words
52
Reading
1 min
Listen
Play
9y

သိမ်းဆည်းထား​သော အလွမ်းများ

မနက်​လင်းလို့ အိပ်​ရာနိုးတိုင်း
သူ့ မက်​​ဆေ့​လေးများ​ရောက်​​နေမလားလို့
ယောင်​ယမ်းကြည့်​မိရင်း
မလွမ်းဘူး ..

မျက်​နှာသစ်​လို့သွားတိုက်​ခါနီး
ဆင်​တူသွားတိုက်​တံ​လေးမြင်​တိုင်း
မလွမ်းဘူး …

ကျောင်းသွားဖို့ ပြင်​ဆင်​ပြီးတိုင်း
အ​ရောင်​တူ နာရီ​လေးကို ပတ်​ရင်း
မလွမ်းဘူး …

လက်​ဘက်​ရည်​ဆိုင်​ထိုင်​တိုင်း
နင်​မကြိုက်​တဲ့ စီးကရက်​ဖွာ
မလွမ်းဘူး …

ခေါ်ဆိုမှု​တွေဆိတ်​သုန်း​နေတဲ့
ဟန်းဖုန်း​လေးကို​ဘေးချ
ဘယ်​အချိန်​များ နင်အပြုံး​လေးနဲ့​ပေါ်လာမလဲလို့
မလွမ်းဘူး …..

နင့်​​နေနိုင်​မှု​တွေ ဥပက္ခာ​တွေကြား
ဖိတ်​တဝက်​ စင်​တဝက်
အိမ်​မက်​​တွေနဲ့
မလွမ်းဘူး …

အိပ်​ရာဝင်​ခါနီးတိုင်း ​မေတ္တာပို့
သူမ ကျန်းမာ ရွှင်​လန်းဖို့ ဆု​တောင်း
တကယ်​ မလွမ်းဘူး ….

Wai Hin Oo
A HFS-15

My Poem for Steemit | Ecency