ကျွန်တော်တို့ မြန်မာ နိုင်ငံသည် ဗုဒ္ဓ ဘာသာ သာသနာထွန်းကားသော နိုင်ငံဖြစ်သလို အလှူရေစက် လက်နှင့် မကွာ လှူဒါန်းတက်ကြသော လူမျိုးများဏ်ြကြသည်။ ထို့ ကြောင် အမျိုးမျိုးသော အလှူ ပွဲများကို ပြုလုပ်ကြသည်။ အလှူဟုဆိုရာတွင် စေတနာ မှန်သောအလှူ ဂုဏ်ပကာသနကင်းသော အလှူ ဂုဏ်တုဂုဏ်ပြိုင် ကင်းသော အလှူများကိုသာ မြတ်သောအလှူု ခေါ်ဆိုနိုင်ပါသည်။
မြန်မာလူမျိုးများသည် ရိုးရာဓလေ့ထုံးစံ နှင့်အညီ မိမိတို့ ၏
သားသမီးတို့ ကို ရှင်ပြု နားသမင်္ဂလာ ပြုလုပ်ပေးလေ့ ရှိသည်။ ရိုးရာ ဓလေ့အရ ရှင်းလောင်းအဖြစ် ခံယူမည့် သူကို အဝတ်တန်ဆာအပြည့် ဆင်ယင်ပေးပြီး မြင်းပေါ်တင်၍ ရွှေထီးမိုးပေးပြီး ရှင်လောင်းလှည့်လေ့ရှိပါသည်။ ထိုအခါ ရှင်လောင်း၏ ဖခင်သည် သပိတ်ကိုပိုက်ပြီး မိခင်သည်သင်္ကန်းကိုကိုင်ကာ ကျန်ဆွေမျိုးသားချင်းများနှင့် ရွာမှ မိန်းမချောလေးများမှာ ကွမ်းတောင်ပန်းတောင်များကို ကိုင်ပြီး ရှင်လောင်းရှေ့ မှ တန်းစီပြီ ရှင်လောင်းလှည့်ကြပါသည်။ ရှင်းလောင်း၏နောက်တွင် ဒိုးပတ်ဝိုင်းမှ အတီးအမှုတ် အက အခုန်များနှင့် ပျော်ရွှင်စွာ ရှင်လောင်းလှည့်လေ့ရှိပါသည်။ ရှင်လောင်းကို ရှင်သာမဏေအဖြစ်ခံယူစေသလို သမီးကိုလည်း နားထွင်းပေးပြီး နားသ မင်္ဂလာစီရင်ပေးပါသည်။ ထို့နောက် ဧည့်သည်များကို ထမင်းဟင်းများနှင့် ကျွေးမွေးဧည့် ခံကြပါသည်။ ထို့ သို့ ရှင့်ပြုနားသ မင်္ဂလာအလှူသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ၏ ကောင်းမြတ်သော မြန်မာ့ အလှူပွဲတစ်ခုဖြစ်ပါသည်။