လေ့လာခြင်း

voteu(30)
Published in
#news
Words
373
Reading
2 min
Listen
Play
9y

Arduino & 7 Segment Display (၃)
— ထွန်းအောင်ကျော်

displaySegments function ကို ဆက်ပြီး ရှင်းပြပါမယ်။ ဒီ function က ကျွန်တော်တို့ ပေးသွင်းတဲ့ ဂဏန်းကို ရာဂဏန်း၊ ဆယ်ဂဏန်း၊ ခုဂဏန်း ခွဲပြီး sevenSegmentsWrite function ကို တဆင့် ခေါ်ပေးဖို့ ရေးထားတာပါ။

Function အပြည့်အစုံက ဒီလိုပါ။

void displaySegments(byte number, bool leadingZero) {
if (number > 99) {
sevenSegmentsWrite(number/100, 0);
sevenSegmentsWrite((number%100)/10, 1);
sevenSegmentsWrite(number % 10, 2);
}
else if (number > 9) {
if (leadingZero) {
sevenSegmentsWrite(0, 0);
}

sevenSegmentsWrite(number/10, 1);
sevenSegmentsWrite(number%10, 2);

}
else {
if (leadingZero) {
sevenSegmentsWrite(0, 0);
sevenSegmentsWrite(0, 1);
}

sevenSegmentsWrite(number, 2);

}
}

အဲတော့ ဒီနေရာမှာ number ဆိုတာ 198 လို့ နမူနာထားရအောင်ဗျာ။

ပထမဆုံးက ဒီလိုတွေ့ရပါမယ်။

if (number > 99) {
sevenSegmentsWrite(number/100, 0);
sevenSegmentsWrite((number%100)/10, 1);
sevenSegmentsWrite(number % 10, 2);
}

ဒါက ရာဂဏန်းကို စစ်ထုတ်ဖို့ ရေးထားတာပါ။

if (number > 99) {
}

တကယ်လို့ number ဟာ 99 ထက်ကြီးရင် ဆိုလိုတာက 100 သို့မဟုတ် 100 ထက်ကြီးရင်ပေါ့ဗျာ။ ဒါဆို အဲဒီထဲက ရာဂဏန်းကို ခွဲထုတ်ပါမယ်။ ဘယ်လိုခွဲထုတ်မလဲ။ လွယ်ပါတယ် အဲဒီ number ဆိုတာကို 100 နဲ့ စားလိုက်ပြီး စားလာဒ် (quotient) ကို ယူမှာပေါ့။ 198 ကို 100 နဲ့ စာတော့ စားလာဒ်က 1 မဟုတ်ဘူးလား။

sevenSegmentsWrite(number/100, 0);

ဒီနေရာမှာ နောက်ဆုံး argument ဖြစ်တဲ့ 0 ဆိုတာ 7 Segment ရဲ့ first digit မှာ ရေးမယ်လို့ ဆိုလိုတာ။ ဒီတော့ ပထမဂဏန်း 1 ရပြီးဗျာ။

နောက် ဆယ်ဂဏန်းကို ဆွဲထုတ်ပါမယ်။ ဘယ်လို ဆွဲထုတ်မလဲဆိုတော့ number ကို 100 နဲ့ စားပြီး စားကြွင်း (remainder) ကို ရှာမယ်။

number%100

ဒီတော့ 98 ရတယ်။ ဒါကို 10 နဲ့ ထပ်စားပြီး စားလာဒ် ရှာတော့ 9 ရပြီ။

(number%100)/10

သူ့ကို 7 Segment ရဲ့ second digit မှာ ရေးမယ်။

sevenSegmentsWrite((number%100)/10, 1);

နောက်ဆုံး ခုဂဏန်းကို ထပ်ရှာမယ်။ ဘယ်လိုရှာမလဲ။ လွယ်လွယ်လေး number ကို 10 နဲ့ စားပြီး စားကြွင်းကို ယူလိုက်တာပေါ့။

number % 10

198 ကို 10 နဲ့ စားရင် စားကြွင်း 8 ရတယ် မဟုတ်လား။ အဲဒါကို 7 Segment ရဲ့ third digit မှာ ရေးမယ်

sevenSegmentsWrite(number % 10, 2);

ဒီအထိက 100 နဲ့ အထက် ဂဏန်းတွေကို ခွဲထုတ်လိုက်တာ။ ရာဂဏန်းမဟုတ်တဲ့ ဆယ်ဂဏန်းဘဲ ရှိတာဆို ဒီလိုခွဲထုတ်မယ်။

else if (number > 9) {
if (leadingZero) {
sevenSegmentsWrite(0, 0);
}

sevenSegmentsWrite(number/10, 1);
sevenSegmentsWrite(number%10, 2);

}

သူက if (number > 9) ဆိုပြီး number ဟာ 9 ထက်ကြီးသလားလို့ စစ်ကြည့်တယ်။ 9 ထက်ကြီးတယ်ဆိုရင် ရှေ့မှာ zero (0) ခံချင်သလား တစ်နည်းပြောရရင် leadingZero ထည့်မှာလားလို့

if (leadingZero)

မေးလိုက်တယ်။ ထည့်မယ်ဆို

  sevenSegmentsWrite(0, 0);

ပထမ digit မှာ 0 ရေးလိုက်တယ်။

ပြီးရင် အဲဒီ number ကို 10 နဲ့ စားပြီး စားလာဒ်ကို ဒုတိယ digit မှာ ရေးလိုက်တယ်။

sevenSegmentsWrite(number/10, 1);

အဲဒီ number ကို 10 နဲ့ စားပြီး စားကြွင်းကို တတိယ digit မှာ ရေးလိုက်တယ်။

sevenSegmentsWrite(number%10, 2);

နောက်ဆုံးအပိုင်းလေးကတော့ ခုဂဏန်းဘဲ ရှိတဲ့ ဂဏန်းကို 7 Segment မှာ ဖော်ပြဖို့ဆို ဒီလိုလေးရေးမယ်။

else {
if (leadingZero) {
sevenSegmentsWrite(0, 0);
sevenSegmentsWrite(0, 1);
}

sevenSegmentsWrite(number, 2);

}

ဒါဆိုရင် displaySegments function ကို ဘယ်လိုရေးသလဲ နားလည်လောက်မယ် ထင်ပါတယ်။
:)
နည်းနည်းအလုပ်များနေလို့ သူ့ကို Delay without delay() function သုံးပြီး ဘယ်လို up/down လုပ်မလဲ နောက်မှ ထပ်ရေးပါရစေ။
image

photo google image

လေ့လာခြင်း | Ecency