introducing oneself.

Words
105
Reading
1 min
Listen
Play
6y

MHC ဂရုထဲကညီအကိုမောင်နှမများအာ:
လုံး " မင်္ဂလာပါလို့ " နှုတ်ခွန်းဆက်သပါရစေ
ကျွန်တော်ကတော့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့
ကပါ၊ အမည်ရင်းက ဗစ်တာ တင်ရွှေပါ မြန်မာ
နိုင်ငံသား ချင်းတိုင်းရင်းသား ဖြစ်ပြီး ခရစ်ယာန်
ဘာသာကိုးကွယ်ပါတယ်။
ငယ်ရွယ်စဉ်အချိန်ကတည်းက မိဘ၂ပါး
စလုံး ဆုံးပါ:သွားခဲ့ပါတယ်။မြေပြန့်မှာသာ ပညာ
သင်ကြီးပြင်းခဲ့ရပါတယ်။
၁၉၈၃ မှ ၂၉၈၉ ထိ အကြီးစားစက်မှုလုပ်
ငန်းကော်ပိုရေးရှင်းစက်ရုံမှာ အငယ်တန်းအင်ဂျီ
နီယာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးပါတယ်။
နိုင်ငံရေးနဲ့ အလုပ်ပြုတ်ပြီး အနောက်ရိုးမ
တောထဲမှာ ကျောင်းဆရာလုပ်ခဲ့ပါတယ်။၁၉၉၄
မှာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ အခြေချနေ
ထိုင်ပြီး ဆိုင်းဘုဒ် / ဒီဇိုင်းရေးဆွဲခြင်း လုပ်ငန်း
လုပ်ကိုင်ခဲ့ပါတယ်။
(ခသ)၂ဝဝဝ မှာ ဂျိန်းဖော.အမျိုးသမီးနဲ့
အိမ်ထောင်ကျပြီးသား/သမီး ၃ ယောက် ထွန်း
ကားခဲ့ပါတယ်။
၂၀၁၀ ခုနှစ်မှာ Myitmakha News Age ncy မှာ နယ် သတင်းထောက် အဖြစ်နဲ့လည်း
ကောင်း၊ ၂၀၁၅ တွင်the Voice daily သို့ ရွှေ့
ပြောင်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ယခုအခါ သတင်းထောက် အလုပ်ကနား
လိုက်ကာ ဗန်းမော်မြို့တွင် မိသားစုနဲ့အတူတစ်
ကွနေထိုင်ပြီး ရံဖန်ရံခါ၌ သတင်းဆောင်းပါး၊
အယ်ဒီတာအာဘော်၊ ဝတ္ထုတိုများကို ဝါသနာအ
ရ ရေးသားလျှက်ရှိပါကြောင်း ..... ကျွန်တော့်အ
ကြောင်း တစ်စေ့တစ်စောင်းကို မိတ်ဆက်ပြော
ကြားရင်း ချစ်သောညီအကိုမောင်နှမတို့အနေနဲ့
ကျွန်တော့်ကို လက်တွဲကူညီ. ခင်မင်ပေးပါရန်
ချစ်ခင်လေးစားစွာဖြင့်......ပန်ကြားအပ်ပါသည်။

IMG_20201209_114743.jpg

victor naw awng