Which one is the best Exchange for you?...!

Words
208
Reading
1 min
Listen
Play
5y

Hive platform ပေါ်ရှိ ညီအစ်ကို မောင်နှမများအားလုံး မဂ်လာအပေါင်းနဲ့ ပြည့်စုံကြပါစေ...
screenshot_2021_12_14_145645.jpg

ဒီနေ့တော့ kachinhenry@kachinhenry ၏ "Binance ဘာလဲ /ဘယ်လဲ" post ကိုဖတ်ပြီး ဖြစ်နေသော အတွေးများကြောင့် စာတစ်ပုဒ် ရေးသားခဲ့ချင်ပါသည်။

မနေ့က အစ်ကိုဟင်နရီ၏ "Binance ဘာလဲ/ ဘယ်လဲ" post တွင် ရေးသားထားသော Binance Exchange ၏ အခြေအနေများကြောင့် စိတ်ချရသော အခြား Exchange ကောင်းတစ်ခု ထပ်မံရွေးချယ်ရန် အတွေးဖြစ်နေပါတော့သည်။

ကျွန်တော်၏ စုဆောင်းရရှိထားသော Crypto coin များနှင့် မိမိဝယ်စုချင်သော Crypto coin များအား များသောအားဖြင့် Binance Exchange ဖြင့်သာ အသုံးများပြီး လုပ်ဆောင်လေ့ရှိပါသည်။
Binance Exchange သည် မိမိတို့၏ (Myanmar Kyat )မြန်မာငွေသို့ Kbz-pay မှတဆင့် ရောင်း/ဝယ်ခြင်းများ ပြုလုပ်နိုင်သော တစ်ခုတည်းသော Exchange လည်း ဖြစ်ပါသည်။

ထိုအားသာချက်ကြောင့် Binance Exchange အား ရွေးချယ်အသုံးပြုရခြင်း ဖြစ်ပါသည်။
Transaction ပိုင်းကိုတော့ အထူးပြောစရာ မလိုလောက်ပါ။Safe ဖြစ်တယ်လို့ ပြောရမှာဖြစ်ပါသည်။
screenshot_2021_12_14_151010.jpg

ထိုသို့ အသုံးပြုနေခဲ့ရသော Exchange အား ယခုကဲ့သို့ အခြေအနေမျိုး ကြားသိလိုက်ရသောအခါ ထင်မှတ်မထားသော အတွေးများ ဖြစ်လာခဲ့ရပါသည်။

မိမိတို့မြန်မာများသည် များသောအားဖြင့် မြန်မာငွေတိုက်ရိုက် ရောင်းဝယ်နိုင်သော Binance Exchange P2P ကိုသာ အသုံးများမည်ဟု ထင်မြင်မိပါသည်။

မည်သို့ပင်ဆိုစေ ထို Binance Exchange ၏ အခြေအနေသည် မိမိတို့မြန်မာများအတွက်လည်း Binance စင်ကာပူကဲ့သို့ မဖြစ်ဟု မည်သူမျှ မပြောနိုင်ပါ။ ထို့ကြောင့် မိမိတို့ Binance Myanmar များအားလုံးသည်လည်း သတိထားရမည့်အချက် ဖြစ်ပါသည်။

မိမိအတွက် ပထမဦးစားပေး Binance Exchange အား အသုံးပြုခဲ့သလို ဒုတိယဦးစားပေးအနေဖြင့် Huobi Exchange ကိုလည်း အသုံးပြုခဲ့ပါသည်။
Huobi Exchangeသည်လည်း Binance Exchange ကဲ့သို့ coin/token မျိုးစုံ trade ခြင်းများပြုလုပ်နိုင်ပြီး Transaction ပိုင်းမှာလည်း safe ဖြစ်ပါသည်။

Binance Exchange နှင့်မတူသောအချက်မှာ P2P မရှိ၍ Crypto coin များကို မြန်မာငွေတိုက်ရိုက် ရောင်း/ဝယ် ခြင်း မပြုလုပ်နိုင်ပါသည်။
Huobi Exchange ကိုလည်း အသုံးပြုရတာ နှစ်သက်ပါသည်။
screenshot_2021_12_14_151725.jpg

Gate.io Exchange အား account ဖွင့်ထားသော်လည်း verify မလုပ်ထားသဖြင့် coin trade ခြင်း ရောင်း/ဝယ်ခြင်းများ မလုပ်ဖြစ်သေးပါ။
Gate.io Exchange သည်လည်း ယခုနောက်ပိုင်း နာမည်ရလာသော Exchange တစ်ခုဟု မြင်မိပါသည်။

ထိုသို့ဖြင့် Exchange တစ်ခုပြီးတစ်ခု စဥ်းစားမိနေပါတော့သည်။

သူငယ်ချင်းတို့အသုံးပြုနေသော Exchange များထဲတွင် စိတ်ကြိုက်တွေ့ပြီး အသုံးပြုရန် သင့်တော်သော Exchange များရှိပါက ကွန့်မန့်လေးများပေး၍ အကြံပြုကြပါအုံးလို့ ပြောရင်း မိမိတွင် ဖြစ်ပေါ်နေသော Crypto Exchange ရွေးချယ်ရမည့်အတွေးလေးအား ပြန်လည် ရေးသားမျှဝေလိုက်ရပါတော့သည်။

သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
uthantzin@uthantzin
14.12.2021(15:30)pm

Which one is the best Exchange for you?...! | Ecency