ဒီတစ်ပတ် promotion အတွက်တော့ အတွေးလေးတစ်ခုတွေးမိရင်း ဒီခေါင်းစဉ်လေးနဲ့ပဲ တန်ဆာဆင်လိုက်ပါတယ်ခင်ဗျာ။ကျွန်တော်တို့တွေဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲ ကာလတုန်းက ကိုယ်ကြိုက်တဲ့ပါတီဝင်တွေကိုမဲပေးခဲ့ကြပြီး ပါတီကိုယ်စားလှယ်တွေကနေ တစ်ဆင့်ပြီးတစ်ဆင့် ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် တိုင်းဒေသကြီးလွှတ်တော် စသည်ဖြင့်နောက်ဆုံး သမ္မတနေရာအထိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်တကွ လွတ်တော်တွင် စနစ်တကျ လွတ်လပ်စွာ မဲခွဲရွေးချယ်ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါကတော့ အားလုံးလည်းသိပြီးသားပါ။
Crd-org-source
ကျွန်တော်ပြောချင်တာက နိုင်ငံသားတိုင်း လွတ်လပ်စွာရွေးချယ်မဲပေးပိုင်ခွင့်နဲ့ ကိုယ်ကြိုက်တဲ့ပါတီဝင်ကို မဲပေးအမှန်ခြစ်ပြီး လက်သန်းလေးတွေမှာ မှင်လေးတွေနဲ့ တာဝန်ကျေခဲ့ကြတာပါ။
အဲဒီလိုလည်း ပေးပြီးသွားရော ကျွန်တော်တို့ကမှအစ ကိုယ်ကြိုက်တဲ့သူကို မဲပေးခဲ့ပြီးပြီ...အားလုံးလည်းအေးအေးချမ်းချမ်းနဲ့ ပြီးစီးသွားပြီ ဒါဆိုရင် ကိုယ်လည်းအေးအေးချမ်းချမ်းနဲ့ စိတ်ချမ်းသာပြီပေါ့ဆိုပြီး စိတ်အေးသွားပါလေရော။တကယ်တမ်းကြတော့ ကျွန်တော်တို့တွေလုပ်ခဲ့ကြတဲ့ အမှန်ခြစ်လေးနဲ့ လက်သန်းမှင်လေးလုပ်ခဲ့တာဟာ... ကျွန်တော်ကျွန်မတို့ ယုံကြည်စွာပေးခဲ့ကြသော ပါတီသာအနိုင်ရခဲ့၍ သူတို့တွေဦးဆောင်တဲ့အခါ ကျွန်တော်ကျွန်မတို့သည်လည်း ထိုသူတို့၏ကောင်းမွန်သော ဥပဒေသနှင့်စည်းကမ်းများအား လေးစားလိုက်နာ၍ မိမိတို့တစ်ဦးတစ်ယောက်ချင်းစီမှ မိမိနဲ့သက်ဆိုင်သောကိစ္စရပ်များကို တာဝန်သိစိတ်ဖြင့် ကြိုးစားလုပ်ကိုင်ဆောင်ရွက်ပါမည်ဟု ကတိတစ်ခုပေးခဲ့ခြင်းသဘောဖြစ်ပါတယ်။ဘာကြောင့်ဒီလိုပြောရသလဲဆိုရင်... မည်သည့်ပါတီအနိုင်ရသည်ဖြစ်စေ အနိုင်ရပါတီသည် မိမိတို့ နိုင်ငံအတွင်းမှ လူဦးရေအများဆုံးကြိုက်၍လက်ခံကြပြီး ရာခိုင်နှုန်းအများဆုံးရရှိထားတဲ့ ပြည်သူအများစု အလိုချင်ဆုံး ပါတီဖြစ်နေတဲ့အတွက်ကြောင့်ပဲဖြစ်တယ်။ ဒါကြောင့် ဒီလိုစိတ်ထားပြီး နိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ အားလုံး အတူတကွပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
Crd-org-source
နိုင်ငံတော်တိုးတက်ဖို့အတွက် တစ်ဦးကောင်းတစ်ယောက်ကောင်း... အဖွဲ့အစည်းတစ်ခုကောင်းရုံလောက်နှင့်မရနိုင်ပဲ အားလုံးတက်ညီလက်ညီ ကြိုးစားနေထိုင်သွားသင့်ပါတယ်။မိမိတို့တစ်ဦးချင်းကိုယ်တိုင် စည်းကမ်းရှိရှိ ကြိုးစားကျင့်ကြံ နေထိုင်ကြမှသာလျင် မိမိတို့ရပ်ကွက်...ကျေးရွာ...မြို့...တိုင်း... နိုင်ငံအထိ ပိုမိုတိုးတက် ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။စဉ်းစားမိတဲ့ ဥပမာလေးတစ်ခုပြောပါရစေ...ရှေ့လာမယ့်ရာသီဆိုရင် မိုးရာသီရောက်လာမှာဖြစ်ပါသည်။မိုးရာသီအတွက် မိမိတို့တစ်ဦးချင်းနဲ့သက်ဆိုင်တဲ့ကိစ္စရပ်လေးတစ်ခုပြောချင်ပါတယ်။မိမိတို့နေတဲ့ အိမ်ရှေ့/အိမ်နောက် ရေမြောင်းများရှိ အမှိုက်များသန့်ရှင်းခြင်း... ရေမြောင်းများအား သတ်မှတ်ပုံစံအတိုင်းပြန်လည်တူးဖော်ခြင်း...မိမိအိမ်ခြံဝန်းအတွင်း/အပြင် သန့်ရှင်းတို့ကို မဖြစ်မနေဆောင်ရွက်သင့်ပါတယ်။ထိုကဲ့သို့ မိမိတို့တစ်ဦးချင်း တစ်အိမ်ချင်း စည်းကမ်းတကျ လိုက်နာဆောင်ရွက်ပါက ရပ်ကွက်အတွင်းရေစီးရေလာကောင်းမွန်ခြင်း ရေဝပ်ခြင်းများမရှိတော့ပဲ ရပ်ကွက်ပိုမိုသန့်ရှင်းလာခြင်း...ရေဝပ်ခြင်းကြောင့်ဖြစ်ပေါ်လာမည့် ခြင်နှင့် ရောဂါပိုးမွှားအန္တရာယ်များ...အခြားဆိုးကျိုးများကိုပါ ကာကွယ်ပြီးသားဖြစ်သွားပါတယ်။
Crd-org-source
ဤကဲ့သို့ ရပ်ကွက်တစ်ခုချင်းစီ...မြို့ရွာတစ်ခုချင်းစီ... တိုင်းတစ်ခုချင်းစီ ဆင့်ကဲဆင့်ကဲတာဝန်အလိုက် ဆောင်ရွက်သွားပါက ပိုမိုသန့်ရှင်းပြီး ဖြစ်ပေါ်လာသော ဆိုးကျိုးအန္တရာယ်များကို ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်။ထို့အတူ အခြားသောကိစ္စရပ်များတွင်လည်း မိမိတို့တစ်ဦးချင်းစီကိုယ်တိုင် စည်းကမ်းတကျ ဆောင်ရွက်ပါက ပိုမိုသန့်ရှင်းကောင်းမွန်သော အနာဂတ်ကိုရရှိစေမှာပဲဖြစ်ပါတယ်။
ထို့ကြောင့် နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးနိုင်ရန်အတွက် မိမိတို့တစ်ဦးချင်းစီမှာပင် စိတ်ဓါတ်ကောင်း...စည်းကမ်းကောင်းများဖြင့်တက်ညီလက်ညီ ဆောင်ရွက်ရမှာဖြစ်ပါတယ်။တစ်ဦးချင်း၏တာဝန်သိစိတ်များမှ တစ်နိုင်ငံလုံးအထိ ရောက်ရှိအောင်မြင်မှာဖြစ်ပါကြောင်း....
တာဝန်ကျေသောစိတ်ဓါတ်... စံပြုထိုက်သောစိတ်ဓါတ်လုပ်ရပ်များဖြင့် နိုင်ငံတော်ကြီး တိုးတက်ဖွံ့ဖြိုးအောင်မြင်အောင် တည်ဆောက်ကြပါစို့လို့ ရေးသားတိုက်တွန်းလိုက်ရပါတော့သည်။
Crd-org-source
ကျွန်တော်၏ကိုယ်ပိုင် အယူအဆ အတွေးအမြင်လေးသာဖြစ်၍ လိုအပ်မှုတွေအများကြီးရှိနေနိုင်ပါသဖြင့် သီးခံပြီးဖတ်ရှု့ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်သောဘဝပိုင်ဆိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းလျက်....
MSC-211