Hive platform ပေါ်ရှိ ညီအစ်ကို မောင်နှမများအားလုံး မဂ်လာအပေါင်းနဲ့ ပြည့်စုံကြပါစေ...
ဒီနေ့တော့ ကျွန်တော်၏ Hive Engine Token များအား ကြည့်ရှု့ပြီး staking လုပ်ဆောင်နိုင်သော Token များအား staking လုပ်ဆောင်ခဲ့ပါသည်။
ကျွန်တော်၏ Hive Engine ပျိုးခင်းလေးအား ရေလောင်းပေါင်းသင် ပြုစုပျိုးထောင်ခြင်းများ အပတ်စဥ်အလိုက် လုပ်ဆောင်လေ့ရှိပါသည်။
ယနေ့မှာတော့ Tribaldex.com သို့ သွားရောက်ပြီး မိမိ Hive EngineToken များ၏Token reward ရရှိမှု အခြေအနေအား ဝင်ရောက်ကြည့်ရှု့ခြင်း... Token များ၏ စျေးနှုန်းအတက်အကျများအား ကြည့်ရှုခြင်း... staking လုပ်ဆောင်နိုင်သော Token များအား stake လုပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။
အောက်ပါ Token များသည် ယနေ့ ကျွန်တော် staking လုပ်ဆောင်ခဲ့သော Token များဖြစ်ပါသည်။
(1)Proofofbrain - POB
(2)Trafficinsider - TIX
(3)vibes - VIBES
(4)CENT Token - CENT
(5)BLOG Token - BLOG
(1)Proofofbrain - POB...!
Proofofbrain Token ပမာဏ 26.9 ကျော်ရှိနေပြီဖြစ်၍ 26 POB Token အား Staking လုပ်ဆောင်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ လက်ရှိအချိန်တွင် စုစုပေါင်း 89 POB Token ခန့် stake လုပ်ဆောင်ထားပြီး ဖြစ်ပါသည်။
Proofofbrain Token reward အတွက် မိမိ post တွင် #proofofbrain tag တွဲ အသုံးပြုခြင်းဖြင့် reward ရှိမှာဖြစ်ပါသည်။
(2)Trafficinsider -TIX...!
Trafficinsider Token ပမာဏ 110000 ကျော်ရှိနေပြီဖြစ်၍ 110000 TIX Token အား staking လုပ်ဆောင်ခဲ့ပါသည်။
လက်ရှိတွင် TIX Token 550000 ကျော် stake လုပ်ဆောင်ပြီး ဖြစ်ပါသည်။
Trafficinsider Token သည်လည်း မိမိpost အားလုံးနီးပါး tag တွဲ အသုံးပြုနိုင်ပြီး #trafficinsider ဟု tag တွဲခြင်းဖြင့် reward ရရှိမှာဖြစ်ပါသည်။
(3)vibes - VIBES...!
VIBES Token ပမာဏ 130 ကျော်ခန့်ရှိနေ၍ 130 VIBES Token အား staking လုပ်ဆောင်ဖြစ်ခဲ့ပါသည်။
VIBES Token ပမာဏ စုစုပေါင်းမှာ 215 ခန့် stake လုပ်ဆောင်ထားပြီး ဖြစ်ပါသည်။
Risingstar Game post များတင်သောအခါ #musicforlife tag တွဲခြင်းဖြင့် VIBES Token reward ရရှိခြင်း ဖြစ်ပါသည်။
(4)CENT Token - CENT...!
CENT Token ပမာဏ 80 ကျော်ရှိနေပါသဖြင့် 80 CENT Token အား staking လုပ်ဆောင်ခဲ့ပါသည်။
ယခုအကြိမ်သည် CENT Token အတွက် ပထမဦးဆုံးအကြိမ် stake လုပ်ခြင်းဖြစ်၍ stake ထားပြီးသောပမာဏမှာ 80 Token သာ ဖြစ်ပါသည်။
CENT Token အတွက်တော့ မိမိGame post များတင်သောအခါ #cent tag တွဲ ပြီးအသုံးပြုခြင်းကြောင့် Reaward ရရှိခြင်း ဖြစ်ပါသည်။
(5)BLOG Token - BLOG...!
BLOG Token ပမာဏ 300 ကျော်ရှိနေပြီဖြစ်၍ 300 BLOG Token အား stake လုပ်ဆောင်ခဲ့ပါသည်။
ထို့ကြောင့် လက်ရှိအချိန်တွင် စုစုပေါင်း 2100 BLOG Token ခန့် stake လုပ်ဆောင်ထားပြီး ဖြစ်ပါသည်။
BLOG Token ကို လည်း မိမိpost များတွင် #blogtoken ဟု tag တွဲခြင်းဖြင့် reward ရရှိမှာ ဖြစ်ပါသည်။
ထိုသို့ Hive Engine Token များအား ဂရုတစိုက်...စနစ်တကျ ရှာဖွေစုဆောင်းပြီး နောင်တစ်ချိန် အသီးအပွင့်များ ကောင်းကောင်းခံစားနိုင်ရန် ပြုစုပျိုးထောင်လျှက်ရှိပါကြောင်း ယနေ့လုပ်ဆောင်ခဲ့သော Hive Engine Token များအား ပြန်လည်ရေးသား မျှဝေလိုက်ရပါတော့သည်။
သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
@uthantzin
4.1.2022(16:30)pm