ဟိုအရင်အချိန်များ...!

Words
177
Reading
1 min
Listen
Play
5y

Hive platform ပေါ်ရှိ ညီအစ်ကို မောင်နှမများအားလုံး မဂ်လာအပေါင်းနဲ့ ပြည့်စုံကြပါစေ...
received_1957488391169067.jpeg

ဒီနေ့တော့ လွန်ခဲ့သော (၆)နှစ်ခန့်လောက်က ဒီOnline ငွေရှာလောကထဲ ရောက်ဖြစ်လာပုံလေးကို ပြန်လည်မျှဝေ ပေးခဲ့ချင်ပါသည်။
ထိုအချိန်တုန်းက
မိမိ စဥ်းစားမိသည်မှာ အပြင်လောကမှာ အလုပ်လုပ်မှသာလျှင် မိမိအတွက်ငွေရှာလို့ ရမှာလားဆိုသော အတွေးဖြစ်ပါသည်။
ဆိုလိုသည်မှာ မိမိအတွက် phone တစ်လုံးရှိမည်..computer တစ်လုံးရှိမည် စသည်ဖြင့် ထိုအရာများဖြင့် အင်တာနက်ပေါ်တွင် မိမိအတွက် real income အဖြစ် ရှာ၍ ရနိုင်မည်လားဆိုသော အတွေးဆိုရင် ပိုမှန်ပါသည်။
ဤသို့ဖြင့် မိမိ၏ second income ဒုတိယ ဝင်ငွေရှာလို့ရနိုင်မည့်နည်းလမ်းများအား စတင် အကောင်အထည် ဖော်ခဲ့ပါသည်။
ထိုအတွေး၏ အဓိကအကြောင်းအရင်းမှာ ဝင်ငွေတစ်ခုတည်းအပေါ်မှာ ဘယ်တော့မှ မရပ်တည်ပါနှင့် ဆိုသော စကားကြောင့် ဖြစ်ပါသည်။
ထိုသို့ဖြင့် Google တွင် မိမိသိလိုသည်များအား အိုးနင်းခွက်နင်းရိုက်၍ ရှာဖွေလေ့လာခြင်း လိုအပ်သည်များစုဆောင်းခြင်းကို လုပ်ဆောင်ခဲ့ပါသည်။
ထ်ု့အတူ facebook စာမျက်နှာတွင်လည်း ရှာဖွေလေ့လာရင်း ငွေရှာနိုင်သော group လေးများပါတွေ့လာရ၍ လမ်းစတွေ့ရှိလာခဲ့ပါသည်။
သင့်တင့်သောလေ့လာမှုများ ရလာသည့်အခါ အွန်လိုင်းငွေရှာခြင်းအား စတင်လုပ်ဆောင် ခဲ့ပါသည်။
စတင်လုပ်ဆောင်သောအချိန်တွင် အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရပါသည်။
မိမိစတင်လုပ်ဆောင်သောအချိန်တွင် paid to click site..mining site နှင့် MMM ကဲ့သို့သော site များ ရေပန်းစားသော အချိန်ဖြစ်ပါသည်။
အစဦးဆုံးဖြစ်၍ free site များကိုသာလုပ်ဆောင်ခဲ့ပါသည်။
မိမိရှာဖွေရရှိလာသော အွန်လိုင်း Cryptocurrency များအား တစ်နေရာထဲတွင် စုစည်း သိမ်းဆည်းနိုင်းရန် Coinbase account ကို ဖွင့်ရပါသည်။
ထိုအချိန်က မိမိအတွက် Coinbase wallet account အကောင့်ကြီးကို ခက်ခက်ခဲခဲ ဖွင့်ခဲ့ရပါသည်။
ထို့အပြင် perfect money account ကိုလည်း မိမိရှာဖွေရရှိလာသော ဒေါ်လာများကို သိမ်းဆည်းနိုင်ရန် ဖွင့်ထားဖို့လိုအပ်ပါသည်။
ထိုအကောင့်များဖွင့်ရာတွင် မိမိနိုင်ငံ supportမရ၍ နိုင်ငံခြား ဖုန်းများဖြင့် ဖွင့်ရခြင်းများ စသည်အခက်အခဲများစွာ ရှိခဲ့ပါသည်။
Wallet accountတစ် ခုအတွက် တစ်ရက်နှင့်မရပါက နှစ်ရက်..သုံးရက် ကြိုးစားလုပ်ဆောင်ခဲ့ရပါသည်။
ထိုအချိန်တုန်းက အင်တာနက်က အဝိုင်းလည်နေတဲ့ အချိန်လေးတွေလည်း အများကြီးပါအုံးမည်ဖြစ်ပါသည်။
လက်ရှိဖြတ်သန်းနေရသော မိမိတို့၏နေမှု ထိုင်မှု အခြေအနေများအရ စာတစ်ပုဒ်ရေးရာတွင် ဟိုအရင်လောက် mode မဝင် စျာန်မဝင်သောကြောင့် ယနေ့ဒီစာအား ဒီနေရာတွင် ရပ်နားလိုက်ရပါတယ် သူငယ်ချင်းတို့...
မိမိ၏ စိတ်တွင် တစ်ခုခုလိုနေသလို ဖြစ်နေသောကြောင့် ယခုPost အား ဒီထက်မက ဖွဲ့နွဲ့အောင် စည်ကာပတ်ကုံး ရေးသားနိုင်သော်လည်း ရေးမရပါ၍ စာဖတ်သူတို့အား တောင်းပန်အပ်ပါသည်ခင်ဗျာ...။
သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
uthantzin@uthantzin
14.9.2021(20:00)pm

ဟိုအရင်အချိန်များ...! | Ecency