Do you like Hive Platform?...!

Words
131
Reading
1 min
Listen
Play
5y

Hive platform ပေါ်ရှိ ညီအစ်ကို မောင်နှမများအားလုံး မဂ်လာအပေါင်းနဲ့ ပြည့်စုံကြပါစေ...
screenshot_2021_10_25_21_03_35.png
ဒီနေ့တော့ အိမ်အလုပ်လေး ဝိုင်းလုပ်... ပြီးတာနဲ့အင်တာနက် သုံးဖြစ်နေပါသည်။
ယခင်တုန်းက အချိန်သိပ်မပေးရသော်လည်း ယခုရက်ပိုင်းမှာတော့ Rising Star Game လေး ဆော့ဖြစ်နေတော့ အချိန်အနည်းငယ် ပိုပေးနေရပါသည်။

ပုံမှန်အားဖြင့် cryptocurrency စျေးနှုန်းကြည့်ခြင်း...Hive Platform တွင် post တင်ခြင်းလောက်သာ လုပ်ဆောင်သဖြင့် အားတဲ့အချိန်မှာ အဆင်သင့်သလို လုပ်ဆောင်လိုက်ရုံသာ ရှိပါသည်။

ယခု Hive Platform ၏ ပြောင်းလဲလာသော အခြေအနေကြောင့် Game တစ်ခုလောက် ဆော့နိုင်ရန် အလို့ငှါ အချိန်ပေး၍ ဆော့နေခြင်း ဖြစ်ပါသည်။
ထို့ကြောင့် ယခုရက်ပိုင်းတွင် cryptocurrency စျေးနှုန်းကြည့်ခြင်း...Hive Platform ပေါ် post တင်ခြင်း နှင့် Game ကစားခြင်းပါ လုပ်ဆောင်နေသောကြောင့် အလုပ်များရှုပ်နေပါတော့သည်။

မည်သို့ပင်ဖြစ်စေ စိတ်အာရုံများ မပျံ့လွင့်အောင် ထိန်းထားရမည့်အချိန်ဖြစ်၍ Hive Platform အား ကျေးဇူးတင်ရမည် ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် ယခုကာလသည် မိမိတို့ လုပ်ဆောင်နေသည့် လုပ်ငန်းများ အထိုက်အလျောက် အဆင်မပြေကြသည့်အချိန် ဖြစ်၍ ထိုစိတ်များအား ကုစားပေးနိုင်သော Platform တစ်ခု မိမိတို့ဆီမှာ အဆင်သင့်ရှိနေခြင်း ဖြစ်ပါသည်။

မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေအရ အဘက်ဘက်တွင် ဆိုးဆိုးရွားရွား ပျက်ဆီး... ဆုံးရှုံး... ကျဆင်းခြင်းများနှင့်အတူ အပူသောကမီးများ ရရှိခံစားနေကြရပါသည်။

ထိုအခြေအနေအား စဥ်းစားပြီး စိတ်ညစ်နေပါက ကုန်နိုင်မည်မဟုတ်သဖြင့် Hive Platform တွင် စာရေး post တင်ခြင်းများ...Hive Engine Token စျေးနှုန်းများကြည့်ခြင်းဖြင့် မိမိအတွက် ပိုမိုအကျိုးရှိနေမည်ဟု ယူဆပါသည်။
screenshot_2021_10_31_14_47_17.png

ထိုကြောင့် လက်ရှိအချိန်တွင် Hive Platform တစ်ခု ရှိနေခြင်းသည် မိမိအတွက် အကောင်းဆုံး စိတ်အပန်းဖြေစရာ... အနားယူစရာ တစ်ခုဖြစ်ပါကြောင်း မိမိ၏အယူအဆလေးအား ပြန်လည် ရေးသား မျှဝေလိုက်ရပါတော့သည်။

သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
uthantzin@uthantzin
31.10.2021(20:00)pm

Do you like Hive Platform?...! | Ecency