Buying for STARBITS Token and Game Card...!

Words
183
Reading
1 min
Listen
Play
5y

Hive platform ပေါ်ရှိ ညီအစ်ကို မောင်နှမများအားလုံး မဂ်လာအပေါင်းနဲ့ ပြည့်စုံကြပါစေ...
screenshot_2021_10_30_11_16_23.png

ဒီနေ့တော့ Rising Star Game အတွက် STARBITS Token နှင့် Game Cards များ ဝယ်ယူရန် လုပ်ဆောင်ခဲ့ပုံလေးအား ပြန်လည်မျှဝေ ပေးခဲ့ချင်ပါသည်။

Blockchain Game များ ခေတ်စားလာသောကြောင့် Hive platform ပေါ်တွင် စာရေးခြင်းတစ်ခုတည်းမဟုတ်တော့ပဲ နေရာမျိုးစုံမှ မိမိအားသန်သလို reward များ ရရှိနိုင်ရန် လုပ်ဆောင်နိုင်ပြီ ဖြစ်ပါသည်။
လက်ရှိအချိန်တွင် ထို Game များ၏ ထိုးဖောက်အားကြောင့် Hive platform ၏ တိုးတက်မှုကိုလည်း အားလုံးတွေ့မြင်နေကြပြီ ဖြစ်ပါသည်။
screenshot_2021_10_30_11_37_36.png

ထို့ကြောင့် Game ဆော့အားနည်းသော... စိတ်ဝင်စားမှုအားနည်းသော မိမိသည် Splinterlands Game တစ်ခုလောက်သာ စမ်းကြည့်မည်ဟု စဥ်းစားပြီး လုပ်ဆောင်ခဲ့ဖူးပါသည်။
Splinterlands Game ကိုလည်း စမ်းဆော့ကြည့်သောအခါ ဆက်တိုက်ရှုံးနေ၍ နှစ်ရက် သုံးရက် ဆော့ပြီးသောအခါ ဆက်မဆော့ပဲ ဒီအတိုင်းထားလိုက်ပါတော့သည်။
Game စိတ်ဝင်စားမှု နည်းသောအချက်ကလည်း အဓိက အချက်တစ်ခု ဖြစ်နေပါသည်။

သို့ပေမဲ့ SPT token စုဆောင်းခြင်းကိုတော့ သတိထား လုပ်ဆောင်နေဆဲ ဖြစ်ပါသည်။

ထိုသို့ နေလာရင်း ယခုအချိန်မှာတော့ Rising Star ဂိမ်းလေး စတင်ကစားဖြစ်နေခြင်းကြောင့် STARBITS token ဝယ်ရန် နှင့် Game card များဝယ်ယူရန် စိတ်ဝင်စားနေပြန်ပါသည်။
STARBITS token နှင့် Game card များဝယ်ရန် မိမိ Hive account တွင် Hive ရှိနေဖို့ လိုအပ်ပါသည်။

ထို့ကြောင့် ionomy exchange ရှိ မိမိ BTC coin အနည်းငယ်အား Hive သို့ချိန်းယူပြီး ရရှိလာသော Hive များကို မိမိ Hive account သို့ လွှဲယူလိုက်ပါသည်။
13 Hive ခန့် ရောက်ရှိလာပြီဖြစ်၍ Rising Star Game သို့ သွားပြီး ဝယ်ယူရန် လေ့လာရင်း Game card ဝယ်ယူခြင်း အား စတင်လုပ်ဆောင်ခဲ့ပါသည်။

"Buy Pack for 5 HIVE" အား ဝယ်ယူခြင်းကြောင့် 5 Hive ကုန်ကျခဲ့ပါသည်။
ထိုသို့ဖြင့် ဝယ်ယူမှုအား အဆင်ပြေ မပြေ စောင့်ကြည့်ရင်း game ဆော့ရင်းဖြင့် STARBITS token ဝယ်ယူမှုအား မလုပ်ဆောင်နိုင်ခဲ့သေးပါ။
screenshot_2021_10_30_15_53_33.png

STARBITS token ဝယ်ယူရန် ကျန်ရှိနေသေးသဖြင့် နောက်နေ့များတွင် တတ်နိုင်သလောက်လေး STARBITS token ဝယ်ယူပါအုံးမည်ဟု ပြောရင်း အဆုံးသတ်လိုက်ရပါတော့သည်။

သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
uthantzin@uthantzin
30.10.2021(20:00)pm