အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ...
ကျွန်တော်တို့ ကမ္ဘာပေါ်ရှိ လူသားအားလုံးဟာ မိမိတို့ဘဝ ပိုမိုတိုးတက်အောင်..ပိုမိုအဆင်ပြေပြီး လူတန်းစေ့မျက်နှာမငယ်ရအောင်.. နေထိုင်နိုင်ရေးအတွက် ကြိုးစားရုန်းကန်နေကြတာပါ။ထိုစိတ်ဆန္ဒတွေကြောင့် လူတွေအားလုံး မိမိတို့၏ ကိုယ်စွမ်း..ညဏ်စွမ်းတွေနဲ့ ဘဝတိုးတက်မြင့်မားရေးအတွက် ကြိုးစားရင်း ဖြတ်သန်းနေကြတော့တာပေါ့။
Crd-org-source
ဒီလိုမျိုး ဘဝကိုကြိုးစားရင်းရှေ့ဆက်ကြတဲ့အခါ တစ်ချို့လည်း တိုးတက်အောင်မြင်ကြပြီး.. တစ်ချို့မှာ ထင်သလောက်မအောင်မြင်ကြပဲ မိမိရဲ့ ကံ..ညဏ်..ဝီရိယ.. တွေအပေါ်မူတည်ပြီး ပုံစံမျိုးစုံ ကွာခြားသွားကြပါတယ်။ဒီတော့ ကမ္ဘာလောကကြီးဟာ လူမျိုးစုံ..ဘဝပုံစံ အဆင့်အတန်းမျိုးစုံ..တည်ရှိနေကြတာပေါ့။
**ဒီလိုဘဝပုံစံမျိုးစုံထဲကမှ စီးပွားရေးလုပ်တာ အရမ်းတော်ပြီး အရမ်းချမ်းသာတဲ့သူတွေအတွက် ဥပမာပေးပြောချင်ပါတယ်။
Crd-org-source
လူတစ်ယောက်ဟာ စီးပွားရေးလုပ်တာ အရမ်းတော်ပြီး အရမ်းငွေရှာနိုင်ပါတယ်။စီးပွားရေးမှာ အောင်မြင်နေတဲ့သူဆိုပါစို့။သူဟာ အလုပ်ကို အင်မတန်ကြိုးစားပါတယ်။သူဟာ မနက် (၆)နာရီဆို အိမ်ကထွက်သွားပါပြီ။နေ့လည်စာကိုလည်း အိမ်ပြန်မစားပဲ ဟိုတယ်မှာ စားသောက်ဆိုင်မှာ စသည်ဖြင့် အလုပ်နဲ့အဆင်သင့်သလို စားသောက်ပါတယ်။ညနေဆိုရင်လည်း (၆)နာရီခွဲ (၇)နာရီလောက်မှ အိမ်ပြန်ရောက်ပါတယ်။အိမ်ပြန်ရောက်တဲ့အခါ တစ်နေကုန် လုပ်ငန်းကိစ္စများနဲ့ အရမ်းပင်ပန်းတာကြောင့် အနားယူတဲ့အနေနဲ့ အိပ်လိုက်ပါသည်။ည(၉)နာရီလောက်မှ သူပြန်နိုးလာပြီး ထမင်းစားပါသည်။အဲဒီအချိန်မှာ သူ၏ဇနီးဟာ စကားပြောချင်သော်လည်း ထမင်းစားချိန် တော်ရုံစကားမပြောဖြစ်ပါ။စားပြီးတဲ့အခါ သူဟာ အလုပ်လောဘကြီးသူဖြစ်တဲ့အတွက် တစ်နေကုန်လုပ်ခဲ့တဲ့လုပ်ငန်းတွေမှ စာရင်းဇယားတွေ..ငွေကြေးရှင်းတမ်းတွေ စသည်ဖြင့် လိုအပ်တာတွေစစ်ဆေးဆောင်ရွက်ပြီး ည(၁၁)နာရီ (၁၂)နာရီလောက်မှပြန်အိပ်ပါသည်။ထိုအခါတွင်လည်း ဇနီးမှစကားပြောချင်သော်လည်း မစောင့်နိုင်တော့၍ အိပ်ပျော်သွားပါပြီ။ည(၉)နာရီလောက်မှ နိုးလာသဖြင့် ထိုအချိန်တွင်သားသမီးများအိပ်နေပြီဖြစ်၍သားသမီးများနှင့်လည်း စကားမပြောဖြစ်သလောက်ဖြစ်နေပါသည်။ဒီလိုတဖြည်းဖြည်းနဲ့ တစ်လ လည်းမဟုတ်.. တစ်နှစ်လည်းမဟုတ်.. နှစ်တွေများလာတော့တာပေါ့။ဒီလိုကြာလာတဲ့အခါ သူကိုယ်တိုင်မှာလည်း သီးသန့်ကြီးဖြစ်သွားသလို ဇနီးမှာလည်း အထီးကျန်ပြီး မိသားစု ပျော်ရွှင်မှုမရှိဘူးလို့ ခံစားချက်ရှိလာပါတယ်။ငါ့ယောက်ျားဟာ ငါတို့အပေါ် နွေးထွေးမှု..ကြင်နာမှု..ဂရုစိုက်မှု စသည်ဖြင့် မပေးနိုင်တော့ပါလား မိသားစုပျော်ရွှင်မှုအတွက် အချိန်မပေးတော့ပါလားဆိုပြီး စိတ်ခံစားချက်နဲ့အတူ စိတ်ချမ်းသာမှုမရှိတော့ပါ။မိသားစုမှာ ပိုက်ဆံတော့ ချမ်းသာပြီး စိတ်မချမ်းသာတဲ့အတွက် ဇနီးဖြစ်သူမှာ နောက်ဆုံးကျန်းမာရေး ပါထိခိုက်လာနိုင်ပါတယ်။သားသမီးများသည်လည်း အဖေအပေါ်မှာ စိတ်ခံစားချက်ရစေနိုင်ပါတယ်။မိမိသတိမထားမိတဲ့အတွက် မိသားစုအပေါ်လစ်ဟင်းမှုတွေ ဖြစ်၍နေပါပြီ။
Crd-org-source
ပိုက်ဆံရှာနိုင်တယ်။ငွေကြေးချမ်းသာတယ်ဆိုတာကောင်းပါတယ်။တစ်တယ်လည်းကြိုးစားပြီးရှာဖွေကြရမှာပါ။သို့သော် ဒီလိုရှာဖွေပြီး နေကြတဲ့အခါမှာ အလုပ်တစ်ခုအတွက်ပဲ..ငွေတစ်ခုအတွက်ပဲ တစ်ဖက်စောင်းနင်းဖြစ်သွားလောက်အောင် ဖြစ်နေပြီဆိုရင်တော့ မိမိကိုယ်ကို သတိထားပြီးစဉ်းစားရတော့မှာပါ။ဒီလိုမှမဟုတ်ပဲ မိမိ၏ဇနီး..သားသမီးများနှင့် စကားပြောဆိုရယ်မောခြင်း.. အတူတူအပြင်သွားကြခြင်း.. ကလေးများအားစာသင်ပေးခြင်း.. မိသားစုနှင့်ထမင်းအတူတူစားခြင်း.. စသောအခြေအနေလေးတွေ မပေးနိုင်လောက်အောင်ဖြစ်နေပြီဆိုရင်တော့ ငွေကြေးချမ်းသာပြီး ပျော်ရွှင်နွေးထွေးသော မိသားစုဘဝမရနိုင်တော့တဲ့အတွက် စိတ်ချမ်းမြေ့မှု..စိတ်ချမ်းသာမှု မရနိုင်တော့ပါ။
ဒါကြောင့် ဘဝရဲ့အရည်အသွေးတွေကို ပြောကြတဲ့အခါ ငွေကြေးချမ်းသာရုံသက်သက်နဲ့ ဘဝရဲ့အရည်အသွေးဟာ မပြည့်စုံနိုင်ပါ။ငွေကြေးလည်းချမ်းသာ..စိတ်လည်းချမ်းသာ..ကိုယ်လည်းကျန်းမာပြီး အေးချမ်းပျော်ရွှင်စရာကောင်းသော မိသားစုဘဝလေးဖြစ်အောင် Balance လေးထိန်းပြီး ဖန်တီးဆောင်ရွက်နိုင်မှသာ ဘဝရဲ့အရည်အသွေးဟာ ပိုမိုပြည့်စုံလာမှာပဲဖြစ်ပါတယ်။
**နောက်ဥပမာလေးတစ်ခုထပ်ပြောခဲ့ပါရစေ။
Crd-org-source
မိမိတို့ငယ်စဉ်က ကျောင်းစာတွေသင်ယူကြရပါတယ်။ဒီလိုသင်ယူကြတဲ့အခါ မြန်မာစာ..အင်္ဂလိပ်စာ..သင်္ချာ..စသည်ဖြင့် အတန်းအလိုက် ဘာသာရပ်တွေ တိုးပြီးသင်ယူလာခဲ့ကြပါတယ်။ဒီနေရာမှာ မိမိဟာ သင်္ချာဘာသာရပ်ကို အရမ်းစိတ်ဝင်စားပြီး အတွက်အချက် ဝါသနာပါတဲ့အတွက် သင်္ချာဘာသာရပ်မှာ မိမိဟာ အရမ်းတော်ပါတယ်။စာမေးပွဲဖြေတိုင်းလည်း ဂုဏ်ထူးမှတ်ကို အေးအေးဆေးဆေး ဖြေနိုင်ပါတယ်။ဒါပေမဲ့ ကျက်စာဘာသာ မိမိဝါသနာမပါတဲ့ Biology လိုဘာသာရပ်မျိုးလည်းကြရော စာလည်းသိပ်မလုပ်ဖြစ်ပဲ ဘာမှသိပ်မရဘူးဆိုပါတော့။စာမေးပွဲဖြေတဲ့အခါမှာလည်း အဲဒီဘာသာကျတဲ့အထိဖြစ်တော့တာပေါ့။မိမိတို့ဟာ မိမိသင်ယူရတဲ့ဘာသာရပ် ငါးခုရှိတယ်ဆိုရင် စာမေးပွဲဖြေတဲ့အခါ ငါးခုစလုံး အောင်မှတ်ရအောင်ဖြေဆိုနိုင်မှသာ စာမေးပွဲအောင်မှာဖြစ်ပါတယ်။ဒီလိုမှမဟုတ်ပဲ ကိုယ်စိတ်ဝင်စားသောဘာသာရပ်ကိုဖြင့် အမှတ်(၉၀)ရအောင်ဖြေဆိုနိုင်ပြီး စိတ်မဝင်စားတဲ့ဘာသာကိုတော့ဖြင့် အောင်မှတ်ရအောင်မဖြေဆိုနိုင်ပါက စာမေးပွဲကျတဲ့သူပဲ ဖြစ်ပါလိမ့်မယ်။
မိမိစိတ်ဝင်စားတဲ့ ဘာသာရပ်ကိုတော့ အချိန်အပြည့်ပေးထားပြီး မိမိစိတ်မဝင်စားတဲ့ ဘာသာရပ်မှာတော့ ပစ်ထားတာမျိုး မလုပ်သင့်ပါ။ဘာသာရပ်တိုင်းကို အောင်မြင်အောင် လုပ်ဖို့တော့ လိုအပ်နေမှာပဲဖြစ်ပါတယ်။
Crd-org-source
အချုပ်အားဖြင့်ဆိုသော် **ကျွန်တော်တို့တွေအားလုံးဟာ မိမိတို့ဘဝပိုမိုတိုးတက်ပြီး ပျော်ရွှင်တဲ့မိသားစုဘဝလေးတွေဖြစ်ဖို့ အတွက် ငွေကြေးချမ်းသာရုံတစ်ခုတည်းမဟုတ်ပဲ လစ်ဟင်းသွားသောအခြားတစ်ဘက်ကိုလည်း အချိန်ပေးကြိုးစားလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း...
**မိမိစိတ်ဝင်စားအားသန်သော အရာကိုသာ တိုးတက်အောင်လုပ်ဆောင်ရုံတင်မဟုတ်ပဲ အခြားမိမိဘဝအတွက် လိုအပ်သည့်အရာများကိုလည်း ဂရုတစိုက် သတိထားလုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း...
**မိမိဘဝအတွက် တစ်ဖက်စွန်းရောက်သွားသော အခြေအနေမျိုးများမဖြစ်စေပဲ Balance ချိန်ပြီး ဘဝအတွက် လိုအပ်သောအခြားအရာများကိုလည်း အချိန်ပေးကြိုးစားလုပ်ဆောင်ကြရမှာ ဖြစ်ပါကြောင်း... တိုက်တွန်းရေးသားလိုက်ရပါတော့သည်။
မြန်မာ့စတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်သောဘဝပိုင်ဆိုင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
MSC-211