မိသားစုအပန်းဖြေခရီးစဉ်...! (အပိုင်း-၁)
...! ( -)
အားလုံးပဲ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ...
ဒီတစ်ခေါက်တော့ ကျွန်တော်တို့မိသားစု ဆွေမျိုးများ၏ ဘားအံ..မော်လမြိုင်.. ကျိုက်ခမီ..စက်စဲ အပန်းဖြေခရီးစဉ်အား အပိုင်းလေးတွေခွဲပြီး ရေးသားလာခဲ့ရာ ကျွန်တော်၏နေ့ရွှေ့ ညရွှေ့ ပျင်းရိနေသော ဟန်ချက်ကြောင့် post များ ဆက်မတင်ဖြစ်ခဲ့ပါ။ဒီလိုနောက်ကျသွားတဲ့အတွက် သီးခံခွင့်လွှတ်ပြီး ဖတ်ရှုအားပေးကြပါအုံးလို့ ပထမဦးစွာ ပြောခဲ့ချင်ပါသည်..ချစ်သူငယ်ချင်းအပေါင်းတို့...။
အပိုင်း-(၂)၏အဆုံးတွင် ကျွန်တော်တို့ မိသားစုဆွေမျိုးအဖွဲ့သားများအားလုံး ဘားအံမြို့၏ ချစ်သူမြိုင်အပန်းဖြေဥယျာဉ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်၍ ဆက်လက်၍ ထိုအပန်းဖြေဥယျာဉ်၏ နှစ်သက်စရာ ကောင်းသော သန့်ရှင်းလတ်ဆတ်သော ရှုခင်းအလှအပများအား အမှတ်တရဓါတ်ပုံများနှင့်တကွ ပြန်လည်ရေးသားမျှဝေပေးခဲ့ချင်ပါသည်။
ဘားအံမြို့ ချစ်သူမြိုင်ပန်းခြံသည် ကျွန်တော်မှတ်မိသလောက် လွန်ခဲ့သော (3)နှစ်..(4)နှစ်ခန့်လောက်မှစ၍ နာမည်ကြီးလာသော ဘားအံမြို့၏လည်ပတ်ချင်စရာကောင်းသော အပန်းဖြေဥယျာဉ်တစ်ခုအဖြစ် လူသိများလာခဲ့ပါသည်။
ထိုချစ်သူမြိုင် အပန်းဖြေဥယျာဉ်သည် ညဘက်မှသာ လူပိုမိုစည်ကားသဖြင့် ကျွန်တော်တို့အဖွဲ့သည်လည်း ညဘက်သွားရောက် လည်ပတ်ခဲ့ကြပါသည်။
အပန်းဖြေဥယျာဉ်၏ အဝင်မှစ၍ လှပသော LED မီးအလှများဖြင့် လှပခန့်ငြားစွာ ပုံဖော်ထားပြီး အပန်းဖြေလာသူများအတွက် လည်ပတ်ချင်စရာကောင်းအောင် စွဲဆောင်ထားပါသည်။
ပန်းခြံ၏အစပိုင်းတွင် တော်ဝင်အလှပန်းသစ်ခွ ဆိုသော နေရာအားစတင်တွေ့ရှိရပြီး ပန်းပင်.. ပျိုးပင်များ အရောင်မျိုးစုံစွာ ပြသထားပြီး ဓါတ်ပုံရိုက်ချင်စရာကောင်းအောင် နှစ်သက်စရာကောင်းအောင် အလှဆင်ခင်းကျင်းထားတာကို တွေ့မြင်ခဲ့ရပါသည်။
ထို့နောက်မှာတော့ ရေပန်းများ LED များနှင့်ပေါင်းစပ်ပြီး မြင်ရသူအဖို့ အေးချမ်းပြီး စိတ်ကြည်နူးစရာ ပျော်ရွှင်စရာကောင်းအောင် ဖန်တီးပုံဖော်ထားတာကိုလည်း တွေ့မြင်ခံစားခဲ့ကြပါသည်။
အပန်းဖြေဥယျာဉ်၏ အလယ်နားထပ်ရောက်လာသောအခါ လမ်းသွယ်ကလေး၏ဘေးဘယ် ညာ တစ်ဘက်တစ်ချက်စီတွင် မီးတွဲများအလှဆင်ထားပြီး ထိုလမ်းအတွင်း လမ်းလျှောက်သွားသည်နှင့် စိတ်ထဲမှာ တစ်မျိုးဖြစ်သွားသလို နုပျိုလန်းဆန်းတဲ့ စိတ်ကူးသစ်အတွေးသစ်တွေ ရရှိသလို ခံစားခဲ့ရပါသည်။ မီးပုံးများ မီးအလှများဖြင့် အသဲဒီဇိုင်းပုံဖော်ထားသောမြင်ကွင်းများသည်လည်း လှပပြီး နှစ်သက်စရာကောင်း အပြင်အဆင်များပဲ ဖြစ်နေပါတော့သည်။
ရှေ့ဆက်သွားပါက Game centre များ ကလေးကစားကွင်းများဖြင့် စနစ်တကျ လူကြီးရော ကလေးများပါ မိသားစုအလိုက် လာရောက် အပန်းဖြေနိုင်ရန် ပြည့်ပြည့်စုံစုံ ပြုလုပ်ဆောင်ရွက်ပေးထားခြင်းဖြစ်ပါသည်။
မိသားစုများအတွက် အေးအေးဆေးဆေး စားသောက်ကြပြီး တစ်ညတာ အလှအပများဖြင့် အပန်းဖြေရန်ကောင်းမွန်သောနေရာလေးတစ်ခုဖြစ်ပါကြောင်း မိမိတွေ့ရှိခဲ့ပုံလေးအား ပြန်လည်ရေးသားမျှဝေလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
MSC-211
All photos credited by