Test

usithu(32)
Published in
#mmk
Words
51
Reading
1 min
8y
Listen to this post
~1 min

အီရန်နဲ့ စီးပွားရေးလုပ်နေတဲ့ နိုင်ငံတွေအပေါ် အရေးယူပိတ်ဆို့မှုကို ပယ်ဖျက်ပေးဖို့ အီးယူ ခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်ကို အမေရိကန်အစိုးရက ပယ်ချလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနဲ့ ဘဏ္ဍာရေးဝန်ကြီး မနူချင်းတို့က ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီအစိုးရတွေထံ ဇူလိုင် ၁၅ ရက်နေ့က တရားဝင်စာရေးပြီး ပယ်ချလိုက်တာ ဖြစ်ပါတယ်။

အဲဒီစာထဲမှာ “နျူးကလီးယားဗုံး ထုတ်လုပ်တဲ့ အီရန်အစိုးရကို ဘယ်တုန်းကနဲ့မှ မတူတဲ့ ငွေကြေးဆိုင်ရာ ဖိအားပေးမှုတွေ လုပ်ကိုလုပ်ရမယ်” လို့ အမေရိကန်ဘက်က ဖော်ပြထားပါတယ်။

အီရန်အစိုးရဟာ အိုင်အေအီးအေ သဘောတူညီချက်ကို ဆန့်ကျင်ပြီး အနုမြူလက်နက် ထုတ်လုပ်ဖို့ ကြိုးစားနေတာကို အစ္စရေးထောက်လှမ်းရေးတွေက ရှာဖွေတွေ့ရှိပြီးတဲ့နောက်မှာ အမေရိကန်ဟာ အီရန် နျူကလီးယား သဘောတူညီချက်ကနေ အခုနှစ်အစောပိုင်းက နုတ်ထွက်ခဲ့ပါတယ်။

Test | Ecency