Travelling to Europe

Words
175
Reading
1 min
Listen
Play
9y

ရောမအင်ပါယာဖြစ်ခဲ့တဲ့ ဥရောပအလယ်ပိုင်း (အီတလီ၊ဆွစ်ဇလန်၊ပြင်သစ်) ခရီးသွားမယ့် မိုက်တီးလေးများရဲ့ ခရီးစဉ်ကိုတော့ သုံးနိုင်ငံသာစီစဉ်ပေးထားပါတယ်။ ဒီလိုစီစဉ်ပေးထားတာကတော့ အချိန်ကုန် ငွေကုန်ပြီး သွားလာလည်ပတ်တဲ့အချိန်နည်းပြီး rush ဖြစ်တာကြောင့်ရောက်သာရောက်ပြီး သေချာမလည်ပတ်လိုက်ရတာမျိုး ခြေကုန်လက်ပန်းကျကာ travel sickness မျိုးတွေ မရရှိအောင် စီစဉ်ပေးထားတာဖြစ်ပါတယ်။ တစ်နိုင်ငံချင်းစီကို သေချာထိထိမိမိနဲ့စိတ်အေးလက်သာစွာလည်ပတ်နိုင်ဖို့ ကို ဦးစားပေးထားတာလည်းဖြစ်ပါတယ်။

ခရီးစဉ်ထွက်ခွာမည့်ရက်
12 Apr 2018 (Thu) ~ 21 Apr 2018 (Sun) ၁၁ညအိပ် ၁၂ရက်

ခရီးစဉ်ဈေးနှုန်း
လူကြီး တစ်ဦးလျှင် 3625 USD

ခရီးစဉ်အကျဉ်းချူပ်
Day 1: ရန်ကုန်-ရောမမြို့
Day 2: ရောမမြို့
Day 3: ရောမမြို့ - ပီဆာမြို့ -ဖလောရင့်
Day 4: ပရာတို-ဗင်းနစ်
Day 5: ဗင်းနစ်- မီလန်
Day 6: မီလန်- ဆွစ်ဇလန် - လူဇန်
Day 7: လူဇန်-ဇူးရစ်-ပဲရစ်
Day 8: ပဲရစ်
Day 9: ပဲရစ်
Day 10: ပဲရစ်-ရန်ကုန်
ရောမခေတ်အင်ပါယာမြို့တော်တွေကို သွားရောက်လည်ပတ်မယ့် ဒီခရီးစဉ်မှာဆို အီတလီနိုင်ငံရှိ အထင်ကရနေရာများဖြစ်တဲ့ ရင်သပ်ရှုမောဖွယ်ရာ ရောမခေတ်ဗိသုကာလက်ရာတွေရှိရာ ရောမြ
မို့၊ ၁၀ ဒီဂရီစောင်းနေတဲ့ ပီဆာမျှော်စင်၊Collosseum သားသတ်ကွင်း၊ ယူနက်စကို ယဉ်ကျေးမှုအမွေအနှစ်တွေစုဝေးရာ ဖလောရင့်စ်မြို့၊ နာမည်ကျော် အချစ်လှေစီးရာချစ်သူတို့ ရဲ့ ရေပေါ်မြို့ဗင်းနစ် တို့ လိုနေရာတွေအပြင် ဖက်ရှင်တို့ ရဲ့မြို့တော်မီလန်မှာလည်းအေးဆေးဈေးဝယ်ထွက် လည်ပတ်ဖို့ စီစဉ်ထားပါသေးတယ်။
ပုံပြင်ထဲကနှင်းဖုံးနေတဲ့ hollywood ရုပ်ရှင်ကားတွေထဲက ဆွစ်ဇာလန်မြို့ ကလေးကတော့ မိုက်တီးဧည့်သည်အတွက်အထူးစီစဉ်ထားတဲ့ခရီးစဉ်ပါပဲ။ နှင်းဖုံးနေတဲ့ တောင်တန်းကြီးတွေ ကြည့်ရင်းcable ကားများစီးကာသွားရမယ့် mt.Titlis ၊ လူဇန်မြို့လည်ပတ်ခြင်းတို့ အပြင် မွန်ထရီးယက်စ်ရှိရေကန်ဘေးဟိုတယ် အိပ်စက်အနားယူခွင့် တို့ လို အစီအစဉ်တွေကို စီစဉ်ထားတာနော်။
ချစ်သူတွေရဲ့ အချစ်မြို့ကမ္ဘာ့ အကောင်းဆုံး အနုပညာလက်ရာများ စုဝေးရာဖြစ်တဲ့အပြင် Shopper တို့ ရဲ့ Paradise ပဲရစ်မြို့မှာဆိုရင်တော့ မသွားမဖြစ် အီဖယ်မျှော်စင်ကြီး၊လျှို့ဝှက်သိပ်သည်းစွာ ပြုံးတတ်တဲ့မိုနာလီဇာပန်းချီကားရှိတဲ့ လုဗ်ပြတိုက်၊ နာမည်ကျော်ဖက်ရှင်ဘရန်းများစုဝေးရာ ကမ္ဘာကျော် Shopping လမ်းမ ရွန်ဇခလီလမ်းမကြီးစတဲ့ မလည်မဖြစ်နေရာတွေကို ပို့ ဆောင်ပေးသွားမှာပါ။
ဧည့်သည်တွေကို အစဉ်အမြဲဦးစားပေးတဲ့ မိုက်တီးလေးတို့ က လေယာဉ်ကိုလည်း Emirates လေကြောင်းလိုင်း ဒူဘိုင်း Transit နှင့်စီစဉ်ပေးထားပြီး တည်းခိုစရာနေရာတွေကိုလည်း ကြယ်လေးပွင့်ဟိုတယ်တွေသာရွေးချယ်ပေးထားပါတယ်။
ဒီလိုအစီအစဉ်အတွေအပြင် အခြားသောအစီအစဉ်တွေလည်း အများကြီးစီစဉ်ထားသေးတာမို့ အသေးစိတ် အချက်အလက်တွေကို ထပ်သိချင်တယ်ဆိုရင်တော့ 01-230-4937 ,09-774899920, 09-774899925 တို့ ကိုဆက်သွယ်မေးမြန်းနိုင်သလို မိုက်တီးတို့ ရဲ့ page messenger မှာလည်းမေးမြန်းနိုင်ပါတယ်။
79329_51048c99.jpg

Travelling to Europe | Ecency