ဝိညာဉ်​ ကကြိုး

Words
68
Reading
1 min
Listen
Play
9y

ဝိညာဉ် ကကြိုး

မာန်ကို ခဲ
ကိုယ့်အမည် ကိုယ်စွဲရင်း
ဒီတောနက်ထဲမှာ
သူများနည်းတူ ပျံဝဲနေတဲ့
ငါဟာ ... ကျားရဲတစ်ကောင် ...

တစ်ခုတော့ရှိတယ်
ငါ့ ..အစွယ်တွေ
ငယ်ကောင်း ငယ်နေလိမ့်မယ် ...

မြတ်နိုးမိတော့ အစွယ်ကိုချိုး
အောက်ကျွံကျိုးမိတယ်
သမင်ပျို ဘေးအနား ...

ဗီဇဆိုတာ
ငြိမ်သက်နေတဲ့ ကော်ပန်းတွေ မဟုတ်ဘူး
ပုပ်ပွနေတဲ့ အပုပ်ကောင်လိုပဲ
လေပင့်လာတိုင်း အနံ့ပေးတယ် ...

စစ်မြင်းတစ်ကောင်ရဲ့ ဆန္ဒကို
အခြားစစ်မြင်းတစ်ကောင် မဟုတ်ပါပဲ
အလှမြင်းတွေကတော့
အရူးလို့ မြင်မှာ
ဒါကို ငါမလွန်ဆန်ခဲ့ပါဘူး ...

ပါစပ်ဖြဲပြီး ဟိန်းဟိန်းပြ တတ်တော့
ငါက ..လူဆိုးကြီးပေါ့
စပါးအုံးမြွေလို ညို့ဓာတ်သုံးပြီး
တအိအိ မမြိုတတ်တော့လည်း ခက်တယ် ...

အဲ့ဒါကြောင့်
မင်းကို အသားမစားဖို့ မပြောရင်
ငါ့ကို...အသီးရွတ်စားဖို့ မဖြားရောင်းပါနဲ့
နောက်ဆုံးမှာခဲ့မယ်
စည်းသုံးတန် အပြင်ထွက်ရဲတဲ့
မယ်သီတာကို ငါ... အကြောက်ဆုံးပဲ ...။

ဝိညာဉ်​ ကကြိုး | Ecency