" နှလုံးသားစာမျက်နှာ"
ဘဝမှာ
အမုန်းး နဲ့အဆုံးသတ်မယ်ဆိုတာ
ကြိုသိနေခဲ့ရင်
ရှင့်ကို ကျွန်မ ချစ်ခဲ့မိမှာမဟုတ်ဘူးး…
အချစ်ကို
ပေးသာ ပေးတက်ပြီးး
ပြန်မယူတတ်တဲ့ကျွန်မနဲ့
အချစ်ကို
ယူသာယူတက်ပြီးး
ပြန်မပေးတတ်တဲ့ ရှင့်ကြား
သိက္ခာလှိုင်းးတို့ ရိုက်ခက်လေသောအခါ
အလွမ်းကို ကျွန်မ ပွေ့ပိုက်ထားပါရစေ…
အသွားအပြန်မဲ့တဲ့သစ္စာ
ထပ်တူမကျ တဲ့မေတ္တာတရားး
ရစ်နှောင်ဖွဲ့တက်တဲ့သံယောဇဉ်ဆိုတာ
လိုသလို ပုံသွင်းထုဆစ်ရတဲ့
ရွံ့ရုပ်တရုပ်မှ မဟုတ်တာ…
ရှေ့ဆက်ဖို့ လဲ မသေချာဘူးး
နောက်ဆုတ်ဖို့ လဲ မဝံ့ရဲဘူးး
ကျောခိုင်းးဖို့ လဲ မတွေးးဝံ့ဘူးးး
ဒီလိုနဲ့ပဲ
မျက်နှာချင်းဆိုင် ရင်းးး
ရှင် နဲ့ ကျွန်မ
တဖြည်းးဖြည်းးဝေးးကွာသွားတယ်