ငါ့အတွက်တော့ မင်းကိုလေ
သတိရတာထက် မေ့မရတာ ပိုခက်နေတယ်။
နားလည်ပါတယ် ချစ်သူ
အသုံးအနှုန်း မတူညီပေမဲ့
မင်းမမုန်းလည်း ငါရှုံးခဲ့ပါပြီ။
နှလုံးသားဆီ ရောက်ရှိလာတာ
သံယောဇဉ်မရှိတဲ့ ခင်မင်မှု၊
တွယ်တာမှုကင်းတဲ့ မေတ္တာပါ။
ရင်ဖွင့်ပြလို့ရမယ် ဆိုရင်
ဝင်ကြည့်လိုက်စမ်းပါ
နှလုံးသားစစ်နဲ့ ထုလုပ်ထားတဲ့
မင်းရဲ့ပုံရိပ်လေး ရှိတယ်ဆိုတာ
မင်းကိုယ်တိုင် မြင်ရပါလိမ့်မယ်။
လိုတပြည့်တဲ့ ဆုတစ်ခုသာရမယ်ဆိုရင်
ငါ ဆုတောင်းလိုက်ချင်ပါသေးတယ်
ဘ၀ဆက်တိုင်းမှာ
မင်းချစ်တဲ့ ငါဖြစ်ပါ၇စေသား..........