နေ့ကထက် ပိုကောင်းအောင်

Words
138
Reading
1 min
Listen
Play
3y

မနေ့ကထက် ပိုကောင်းအောင်

ကျွန်တော် အခုရေးတဲ့ စာလေးက မနေ့ကထက် ပိုကောင်းအောင် ဆိုတဲ့ ခေါင်းစဉ်လေး ပေးထားပါတယ်။ထိုခေါင်းစဉ်ရဲ့ရည်ရွယ်ချက်က တစ်နေ့ထက်တစ်နေ့ ကောင်းအောင် နေထိုင်/သွားလာ/စားသောက်/မိမိဘ၀ရဲ့ ရခဲလှ‌သော အချိန်မှာ အကျိုးရှိရှိ တိုးတတ်အောင် လုပ်ကိုင်ဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်။

ကျွန်တော်တို့ ဘ၀ဆိုတာ တကယ်တမ်းဆို အရမ်းတိုတောင်းလှပါတယ်။ရခဲလှသော လူဘ၀မှာ အိပ် စား ကာမ အပျော်အပါးတွေနဲ့ အချိန်ကုန်ခံနေမဲ့အစား ကိုယ်ဘ၀ရဲ့ တိုးတတ်မှု အောင်မြင်ရေးတွေ လုပ်ဆောင်သင့်ပါတယ်။ဘ၀ဆိုတာ တိုတောင်းပြီး ရခဲလှတာ သိပါစေ။ဘ၀မှာ ငါ ဘယ်လိုဘ၀မျိုးဖန်တီးချင်လဲ ဆိုတာ မိမိကိုယ်ကို မေ့သင့်ပါတယ်။ဘာကြောင့် အပျော်ပါးနဲ့ အချိန်ကုန်ခံနေမလဲ။

မနေ့ကထက် ဒီနေ့ ဘယ်လိုပိုကောင်းအောင် နေကြမလဲ။ဘ၀မှာ ဘယ်လိုသာယာပျော်ရွှင်သောအရာတွေ ဖန်တီးမလဲ။အဲလိုတွေးကာ နေထိုင်ကျင့်ကြံမှာ ဘ၀ရဲ့ အဓိပ္ပာယ် အနှစ်သာရကို ရမယ်။ဘ၀ရဲ့ အဓိပ္ပာယ် အနှစ်သာရဆိုတာ မိမိကိုယ်ကို ပြုပြင်ပြောင်းလဲမှု/တိုးတတ်အောင် ကြိုးစားမှု/ပြုမှုနေထိုင်မှုကို တိုးတတ်ကောင်းမွန်အောင် လုပ်ရပါမယ်။

လူဘ၀ဖြစ်လာရင် မိသားစုဆိုတာ ဖြစ်လာပါမယ်။မိသားစုဖြစ်လာရင် ကိုယ်မိသားစုကို အေးချမ်းသော ဘ၀ ဖန်တီးနိင်ဖို့လိုတယ်။လင်မယားကြား တစ်ယောက်နဲ့တစ်ယောက်က သူစိမ်းတွေကနေ ပေါင်းဖက်တာဖြစ်သောကြောင့် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေရှိရသလို မာန်မာနတွေလည်း မထားရပါ။မိသားစုအရေးဖြစ်လာရင် ခေါင်းအေးအေးနဲ့ဖြေရှင်းဖို့ လိုအပ်ပါတယ်။လင်မယားကြား ရန်ဖြစ်စကားများ စသောအရာတွေဖြစ်လာသော တစ်ယောက်ကလျော့ပေးပြီး ရန်‌ဖြစ်စကားများတာ ရပ်သင့်ပါတယ်။ဒါမှ ဘ၀မှာ အေးချမ်းသောမိသားစု ဘ၀ပိုင်ဆိုင်နိင်မယ်။ဒါဆို မိမိက မနေ့ကထက် ပိုကောင်းလာမယ်။

လူအဖွဲ့အစည်းနဲ့ နေရင် မိမိတို့အနေနဲ့ တစ်ယောက်နဲ့တစ်ယောက် ညီကိုမောင်နှမလို ချစ်ချစ်ခင်ခင် နေသင့်ပါတယ်။မိမိကောင်းစားဖို့ တစ်ဖတ်သားကို ချောက်ချကာ မိမိတစ်ဘို့ထဲ မကြည့်သင့်ပါ။ဒါက လူပတ်၀န်းကျင်မှာ ရုပ်ဆိုး အကျည်းတန်ပါတယ်။ထိုသို့ ပြုမှုမဲ့အစား မိမိကိုယ်ကို တစ်နေ့ထက်တစ်နေ့ပိုကောင်းအောင် လုပ်သင့်ပါတယ်။အားငယ်သူကို ဖေးမကူညီသင့်သလို မိမိထက်ကြီးသူကို ရိုသေလေးစားဖို့ လိုတယ်။

ဒါမှ မိမိက မနေ့ကထက် ပိုကောင်းအောင် နေသလိုဖြစ်မယ်။ဘ၀ရဲ့ ချိုသာသောနေ့တွေပိုင်ဆိုင်နိင်မည်။မိမိဟာ တိုးတတ်လာပြီး ဘ၀ရဲ့အနှစ်သာရ ဘ၀ရဲ့အဓိပ္ပာယ်တွေ သိလာပါမယ်။မိမိအချိန်ကိုလည်း အကျိုးရှိရှိ အသုံးချနိင်မည်။ဘ၀က ပျော်ရွှင်ဖွဲကောင်းလာမယ်။ဒါကြောင့် မနေ့ကထက် ပိုကောင်းအောင် နေကြပါလို့ စာလေးကို နိဂုံးချုပ်ပါတယ်။

Author tunnaingwin@tunnaingwin
Date - 12.4.2023
Time- 18:15

sbi2@sbi2
sbi3@sbi3
ecency@ecency

နေ့ကထက် ပိုကောင်းအောင် | Ecency