ဒေါသမဖိတ် မေတ္တာစိတ်

Words
61
Reading
1 min
Listen
Play
9y

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဒေါသမဖိတ် မေတ္တာစိတ်
image
ဒေါသမဖိတ် မေတ္တာစိတ် ဆောင်းပါးတိုလေးရေးရခြင်း ရည်ရွယ်ချက်ကတော့ လူတိုင်းလူတိုင်း ဒေါသဖြစ်လာရင် မေတ္တာတရားကို ထားပြီး ဖြေရှင်းစေလိုသော ရည်ရွယ်ချက်နှင့် စိတ်အေးချမ်းမှုရစေချင်သော စေတနာဖြစ်လာကာ ခုလို ရေးသားလိုက်ခြင်းဖြစ်ပါသည်။သူငယ်ချင်း မိတ်ဆွေ အပေါင်းလည်း ဒေါသမဖြစ်အောင်ထားပြီး မေတ္တာစိတ်လေးမွေးစေလိုပါသည်။ဥပမာ သာဓကနဲ့ ရေးသားသွားမှာဖြစ်ပါသောကြောင့် နားလည်လွယ်လိမ့်မယ်လို ထင်ပါတယ်။

ခုသာဓကလေးက ဘုရားလောင်းနုစဉ်ဘဝ မျောက်မင်းဖြစ်သောအခါက ဒုက္ခဆင်းရဲပုံနဲ့ ဒေါသမထားဘဲ မေတ္တာစိတ်မွေးမြူပုံလေးကို တင်ပြပေးသွားမှာပါ။ဘုရားလောင်မျောက်မင်းကို တစ်ကိုယ်လုံးရစရာမရှိအောင် ရိုက်နှက်ထားသောလည်း ဘုရားလောင်မျောက်မင်းက ကြိတ်မှိတ်ခံတတ်မေတ္တာစိတ်နဲ့ ဒေါသမဖြစ်ခဲ့ဘူး။ထိုအတူ အဆိပ်လူးမြားနဲ့ ရင်ကိုပစ်ပြီး ဦးခေါင်းကိုထုသောလည်း ပြုသူမုဆိုးကို လုံးဝအမျက်မထားသည်သာဓကလည်းရှိပါသည်။မုဆိုး၏ အပြန်လမ်းကိုပင် လမ်းပြပေးတဲ့မေတ္တာစိတ်ဟာ အရမ်းပို အတုယူအားကျစေပါတယ်။

ဒါကြောင့် စာဖတ်သူအပေါင်းလည်း ဒေါသမဖိတ် မေတ္တာစိတ်ဖြင့် အရာအားလုံးအပေါ်ထားနိင်ကြပါစေ။ခုသာဓက စာလေးကို ဖတ်ရှုပြီး အသိပညာတစ်ခုရကြပါစေ။

အစဉ်ကြိုးစားလျက်
Author tunnaingwin
11.3.2018/6:50pm

ဒေါသမဖိတ် မေတ္တာစိတ် | Ecency