ကျနော်က လယ်ထဲက စပါးသွားတင်ရတယ် ကိုယ်ပိုင်ကားမဟုတ်တော့ ပင်ပန်းလွန်းတယ် နေပူထဲက တနေ့လုံးလုပ်တာ စပါးတင်တာ 1ခေါက်မှ 2000ဘဲ ရတယ် 1နေ့ 2ခေါက်ဘဲရတယ် ဖုန်းသုံးတဲ့အခါက videoဘဲ ကြည့်နေတာ linkတွေ မကလစ်ရတာကြာပြီ
ကျနော်က ခါးတအားနာနေတာ အနားယူချင်တာ အနားယူတာလဲ သူများလဲ တအားခေါ်နေတော့ သွားရတာဘဲ ကားခုန်နေတာ ခါးနာနေတာဘဲ ကျနော်က $ရှာတာ အဆင်မပြေသေးလို့ပါ အဆင်ပြေရင် အေးဆေး အလုပ်လုပ်နိုင်ပြီ ကျနော်က နွေရာသီက လယ်ထဲ စပါးဆင်းတင်တာ လမ်းက မကောင်းလို့ ခါးနဲ့ ရင်ဘတ်က အောင့်နေတာဘဲ တောင့်ခံထားပြီး လုပ်ရတာ မနက်ဖြန်အနားယူချင်တာ ပွဲစားက စပါးတင်ခိုင်းနေတယ် ကျနော်က ခါးအရမ်းနာနေလို့
ကျနော်အဖေက အမျိုးမျိုးပြောရင်းနဲ့ ကျနော်နဲ့ စကားများနေတာဘဲ ကျနော်အဖေက သူပြောတာ ဘာဖြစ်လို့ မဆင်းနိုင်တာလဲပေါ့
ကျနော်က အဖေကိုပြန်ပြောတာ အဖဆင်းလဲ လူထပ်ခေါ်လို့ ရတာဘဲလို့ အဖေက ကျနော်ကိုဘဲ ဆင်းစေချင်လို့ အဖေနဲ့ ကျနော်နဲ့ မတည့်ကြဘူး ကျနော်က အရမ်းခါးနာခို့ ကားမောင်းတာလဲ ရင်ဘတ်အရမိးအောင့်တာ လမ်းလဲမကောင်းဘူး ကျနော်အဖေက သူကားမောင်းထားတာ နာကျင်ထာတဲ့နေရာလဲ ရှိလို့ မမောင်းနိုင်တော့ဘူး ကျနော်လဲ lineတောင် ခနဘဲ သုံးရတာ ညနေဘက်က video လိုက်ရှာပြီး ဒေါင်းတာနည်းနည်းကြာတယ် မစောင့်နိုင်လို့ ခနလေးနဲ့အိပ်ပျော်သွားတယ်
နောက်မှဘဲ ဆက်ရေးတော့မယ်