Rooney

Words
68
Reading
1 min
Listen
Play
8y

မေဂျာလိဂ်မှာ ပထမဆုံးဂိုး သွင်းနိုင်ခဲ့တဲ့ ရွန်နီ

မန်ယူ တိုက်စစ်မှူးဟောင်း ရွန်နီဟာ ကော်လိုရာဒိုရက်ပစ် အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဒီစီယူနိုက်တက် အသင်းအတွက် သူ့ရဲ့ ပထမဆုံးဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၃၃ မိနစ်မှာ ရွန်နီက ကော်လိုရာဒိုရက်ပစ် ဂိုးသမား တင်ဟောင်းဝပ်ရဲ့ ခြေထောက်ကြားထဲ ကန်သွင်းပြီး ပထမဆုံး မေဂျာလိဂ်သွင်းဂိုး ရယူခဲ့တာပါ။

ရွန်နီနဲ့ တင်ဟောင်းဝပ်ဟာ ၂၀၀၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်ကြား မန်ယူမှာ အတူကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်းတွေ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ရွန်နီ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ထပ်ဆောင်းအချိန်ပိုမှာ ဘောလုံးယှဉ်လုရင်း ထိခိုက်မိလို့ နှာခေါင်းသွေးယိုခဲ့ပြီး ခေါင်းစည်းနဲ့ ပြန်ဝင်ကစားခဲ့ရပါတယ်။ အခုပွဲစဉ်ဟာ ဒီစီယူနိုက်တက်အတွက် မေလ ၁၉ ရက်နေ့နောက်ပိုင်း ဒုတိယမြောက် နိုင်ပွဲဖြစ်ပြီး ရွန်နီကတော့ ဒီစီယူနိုက်တက်အတွက် ၄ ပွဲ ကစားရာမှာ ပထမဆုံးဂိုး သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

Nz (ရိုးရာလေး)
www.yoyarlay.com
FB_IMG_1532912320277.jpg
#Nz_yyl #Sports_yyl

Rooney | Ecency