သင်္ကြန်မိုးပြေး

Words
30
Reading
1 min
Listen
Play
8y

ညကမိုးပြေးလေးဖွဲဖွဲရွာခဲ့တာကြောင့် မနက်ခင်းရောက်တော့ ခြံထဲမှာရှိတဲ့ ပိတောက်ပန်းတွေက သင်းပျံ့စွာနဲ့မွေးပျံ့လို့နေတယ်။ဒီနေ့က သင်္ကြန်အကြိုနေ့ ဒီလိုအချိန်ရောက်တိုင်း ပိတောက်ပန်းလေးတွေ သူလာပို့နေကြ… ဒီနှစ်တော့ သူလာနိုင်မယ်ထင်တော့…
image
မောင်…ရင်ထဲက မြတ်နိုးလွန်းလို့ ခေါ်တဲ့နာမည်လေး ဒီနာမည်လေးကိုလည်း ထပ်ပြီးခေါ်ခွင့်ရှိဖို့ အခွင့်အရေးလေးများရဦးမယ်ဆိုရင်…မနက်ဖြန် သင်္ကြန်ရောက်မှာဆိုတော့ ရတီ့ရင်ထဲမှာ ပျော်ရွှင်မှုတွေအပြည့် ရင်ခုန်လွန်းလို့ ညဘက် အိပ်မပျော်ချင်တော့ သင်္ကြန်ပိတ်ရက်ရောက်တိုင်း မောင်ပြန်လာနေကျ… သူအမြဲပြန်လာပြီး အကြိုနေ့ဆို ပိတောက်ပန်းတွေ ဝေနေအောင်လက်ဆောင်တွေ ပေးနေကျ…

သင်္ကြန်မိုးပြေး | Ecency