ကိုယ်မလုပ်လည်းရတယ်

Words
69
Reading
1 min
Listen
Play
8y

ကိုယ့်ရဲ့အတွေ့အကြုံ ပေါ်မူတည်ပြီး ကိုယ်ဟာ အဖွဲ့ခေါင်းဆောင် ဖြစ်နိုင်သလို၊ အုပ်စုတစ်ခုကို ကြီးကြပ်သူ လည်းဖြစ်နိုင်ပါတယ်၊ လုပ်ငန်းတာဝန်တစ်ခုကို အပြီးသတ်ဆောင်ရွက်ပေးရတဲ့Team member တွေအဖြစ် လည်း ပါဝင်ရတတ်ပါတယ်။
image
Team ရဲ့ ဘယ် Role မှာပဲ ပါပါ ကိုယ့် Team ရဲ့ အောင်မြင်မှုဟာ ကိုယ့်ရဲ့ အောင်မြင်မှုလို့ခံယူပြီးလုပ်ဆောင်ရပါမယ်။ ကိုယ်မလုပ်လည်းရတယ် သူများတွေ လုပ်သွားလိမ့်မယ် ဆိုတဲ့ အတွေးဟာ ကိုယ်ပါဝင်တဲ့ Team ကို မအောင်မြင်နိုင်သော လမ်းကြောင်းဆီသို့ ဦးတည်ပေးလိုက် သလို ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးဟာလည်း ကျဆင်းသွားစေ တယ်ဆိုတာ သတိချပ်စေလိုပါတယ်။ Teamwork participation ဟာ တစ်ကိုယ်တော် Skill-set ကျွမ်းကျင်မှုဖြစ်သော programming တွေ networking တွေ နည်းပညာအသစ်တွေကို သိရှိတက်ကျွမ်းနေခြင်း ထက် ပိုမိုအရေးကြီးပါတယ်။ တကယ့်လုပ်ငန်းခွင်မှာ Deadline နဲ့ အလုပ်လုပ်ရသော Project တွေရဲ့ အောင်မြင်မှု/ရှုံးနိမ့်မှုဟာ Teamwork participation ကောင်းခြင်း/ မကောင်း ခြင်းပေါ်မှာ မူတည်ပါတယ်။

ကိုယ်မလုပ်လည်းရတယ် | Ecency