လက်ရှိအချိန်ထိ တရုတ်နိုင်ငံအတွင်းတွင် သံလွင်မြစ်ပေါ်၌ တည်ဆောက်ထားသည့် တာတမံပေါင်း ၁၃ ခု ရှိနေပြီဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ သံလွင်မြစ်ကြောင်း တစ်လျှောက်တွင် တာဆန်း၊ ဟက်ကြီး အပါအဝင် အကြီးစား ဆည်မြောင်းတာတမံ စီမံကိန်း ၃ ခုထက်မနည်း ဆက်လက်တည်ဆောက်ရန် မြန်မာနိုင်ငံအစိုးရနှင့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် သဘောတူညီမှုရယူပြီးဖြစ်သည်။
မြစ်ဝှမ်းတလျှောက်တွင် လူဦးရေ အထူထပ်ဆုံးနေထိုင်ကြသည့် နေရာမှာ မြစ်ဝနေရာဖြစ်ပြီး မြစ်ကြောင်းမှ ပို့ချလာသည့် မြေဆီဩဇာများဖြင့် ကြွယ်ဝသည့် ဧက ထောင်ချီရှိသည့် လယ်ယာမြေများကို အမှီပြုနေထိုင်ကြခြင်း ဖြစ်ပါသည်။ ဤဒေသများတွင် လူအများက မိုးရာသီတွင် စပါးစိုက်ပျိုးကြပြီး၊ နွေရာသီများတွင် မြစ်ကမ်းပါး၌ ဥယျာဉ်များ၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြပါသည်။ ထို့အပြင် တနှစ်ပတ်လုံး ငါးဖမ်းလုပ်ငန်းဖြင့်လည်း အသက်မွေးကြပါသည်။
သံလွင်မြစ်ဝှမ်းဒေသသည် ဂေဟဗေဒစနစ်အရ၊ ယဉ်ကျေးမှုအရ မျိုးကွဲစုံလင်ကြွယ်ဝသည့် ဒေသဖြစ်ပါသည်။ သို့အတွက် ကြောင့် ကုလသမဂ္ဂ ပညာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ကမ္ဘာက အလေးပေးထိန်းသိမ်းစောင့်ရှောက် ရမည့်ဒေသတခုအဖြစ် သတ်မှတ်ထားပါသည်။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အနောက်မြောက်ပိုင်းကို အပြိုင်သဖွယ် ဖြတ် ၍ စီးဆင်းနေသည့် ယန်ဇီး၊ မဲခေါင်၊ သံလွင်မြစ်များ အထက်ပိုင်းမှသည် အောက်ပိုင်းဖြတ်သန်းရာ ဒေသများကို ဤသို့ သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ UNESCO အဖွဲ့၏ အဆိုအရ ဤဒေသများသည် ရာသီဥတုသမမျှတသည့် ဒေသဖြစ်ပြီး၊ မျိုးကွဲ ဇီဝသတ္တ အစုံလင်ဆုံးဒေသလည်း ဖြစ်ပါသည်။ အလားတူပင် ထိုင်းအစိုးရကလည်း သံလွင်မြစ်ကမ်းလျှောက်၊ ထိုင်း-မြန်မာနယ်စပ်ရှိ သစ်တောများကို အရေးပါသည့် နိုင်ငံတကာမုတ်သုန်တောစိမ်းများအဖြစ် ၂၀၀ဝ ခုနှစ်က သတ်မှတ်ထား ခဲ့ပါသည်။
သံလွင်မြစ်ကမ်းမှာ နေထိုင်ကြတဲ့သူတွေကတော့ တံငါလုပ်တယ်။ တချို့ သစ်ဝါး မျှောတယ်။ ရွှေကျင်တယ်။ သံလွင်ရွှေကတော့ မာတယ်။ ရွှေဝါရောင် ဖျော့တယ်။ သံလွင်မြစ်ကမ်းရှိ သဲသောင်ပြင် ကျောက်ခဲပြင်တွေဟာ လွန်စွာလှပတယ်။ အမဲရောင်ရှိတဲ့ သံလွင်ကျောက်ခဲဟာ ချစ်စရာကောင်းတယ်။ ရွှေစစ်မစစ် စမ်းသပ်ရာမှာ အသုံးဝင်တယ်။ သံလွင် ကျောက်ခဲဟာ နှစ်ပေါင်းများစွာ မိုင်ပေါင်းများစွာ ရေတိုက်စားလာတဲ့ကျောက်ဖြစ်တဲ့အတွက် အချို့ပြားချပ်ပြီး လှပစွာ ဝိုင်းနေတာတွေ့ရတယ်။ အနက်ရောင် ကျောက်ပြားဝိုင်းတွေ အရွယ်အစား အမျိုးမျိုးရှိတယ်။ သံလွင်သဲမှုန့်ကတော့ မြေမရောတဲ့ သဲမှုန့်အစစ်ဖြစ်လို့ အဆောက်အဦဆောက်တဲ့နေရာမှာ အသုံးဝင်၏။
သံလွင်မြစ်ဝှမ်းဒေသသည် တောရိုင်းတိရိစ္ဆာန်များနှင့် ငါးမျိုးများသာ ကြွယ်ဝစုံလင်ခြင်း မဟုတ်ဘဲ၊ ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ် ဖြတ်သန်းရာ ဒေသသည် ကမ္ဘာ၏ ကျွန်းသစ်အကြွယ်ဝဆုံး ဒေသအဖြစ်လည်း ဂေဟဗေဒပညာရှင်များက သတ်မှတ်ပြောဆိုကြပါသည်။ ဤဒေသရှိ ကျွန်းတောများမှာ မြစ်စီးဆင်းရာ ဒေသတလျှောက်တွင် ထူထဲစွာ ပေါက်ရောက်ကြပြီး အရှေ့တောင်အာရှ အခြားဒေသများရှိ ကျွန်းတောများနှင့်ပင် ခြားနာမှု ရှိပါသည်။ အခြားဒေသများတွင် ကျွန်းတောများ ပေါက်ရောက်ပုံမှာ ကျိုးကြဲနိုင်လှသည်ဟု ဆိုပါသည်။ မြစ်၏ အထက်ပိုင်းနှင့် အောက်ပိုင်းရှိ ဤကျွန်းတောများသည် တည်ဆောက်ရန် လျာထားသည့် တာဆန်းဆည်ကြောင့် ပျက်စီးဖွယ်ရှိနေပြီး၊ ရှမ်းပြည်နယ် အတွင်း နောက်ဆုံးကျန်ရှိတော့သည့် သစ်တောနေရာများလည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်နိမိတ်ရှိ သံလွင်မြစ်ဝှမ်းသည် သမိုင်းအရ အရေးပါသည့် ဒေသလည်း ဖြစ်သည်။ ကျောက်ဖြစ်ရုပ်ကြွင်း သမိုင်းပညာရှင်များက ဤဒေသတွင် သမိုင်းမတင်မီ ရုပ်ကြွင်းများ တွေ့ရှိရပြီး၊ အရှေ့တောင်အာရှဒေသတွင် လူစတင်ဖွံ့ဖြိုးသည့် မူလအထောက်အထားလည်း ဖြစ်သည်ဟု ဆိုကြသည်။ လူသိများသည့် ဤသို့ကျောက်ဖြစ်ရုပ်ကြွင်း အထောက်အထား အများဆုံးတွေ့ရှိရသည့်နေရာကို ဝိဉာဉ်ဂူ (Spirit Cave) ဟု ခေါ်ကြပြီး ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင် ဒေသ တောင်တန်းများပေါ်တွင် တည်ရှိသည်
သံလွင်မြစ်အတွင်းရှိငါးတွေလည်း မျိုးပေါင်းများစွာရှိမှာပါ။ နာမည်ကြီးတာကတော့ ငါးကြင်းမြီးကွဲလို သံလွင်ငါးပဲဖြစ်တယ်။ ရေစီးသန်တဲ့အတွက်ကြောင့် သဘာ၀အလျှောက် သံလွင်ငါးတွေဟာ ကိုယ်လုံးရှည်တာများတယ်။ တစ်ခါတစ်လေ သံလွင်ငါးမြီးကွဲဟာ ကမ်းစပ် နားရေသောက်ဆင်းလာတဲ့ သတ္တဝါငယ်များကို အမြီးနဲ့ရိုက်လှဲပြီး ဖမ်းစားတတ်တယ်။ သံလွင်ငါးရဲ့ အရသာဟာလည်း အများနဲ့ မတူ တမူထူးခြားတဲ့ အရသာရှိတယ်။ သံလွင်မြစ်ကမ်းမှာ ပေါက်တဲ့ ဟင်းရွက်တစ်မျိုးကို ရှမ်းလို (ဖတ်ခုံး) ဟုခေါ်ပြီး မြန်မာလိုတော့ သံလွင်ဟင်းရွက်စိမ်း လို့ပဲခေါ်ရမယ်ထင်တယ်။ ချက်စားရင် အရသာဆိမ့်တယ်။ ကင်းမွန်ရွက်ထက် အရသာ ပိုဆိမ့်တယ်။ နောက်တစ်မျိုးကတော့ သံလွင်ကန်စွန်းဥပါ။ ကန်စွန်းဥနီလိုပါပဲ။ သို့သော် ဥတိုင်း လိုလို ပိုးထိုးနေတဲ့ပုံစံမျိုးဖြစ်နေတယ်။ ပြုတ်စား ချက်စားရင်တော့ အထဲမှာ အနီရောင် အညိုရောင်ရှိပြီး ရိုးရိုးကန်စွန်းဥထက် အရသာကိုပိုပြီး ချိုတယ်။ မာတယ်။
ယင်းတို့မှာ
ကွမ်းလုံ
မန်းဆန်၊
တာကော်၊
တာဆင်း၊
တာတောမော်၊
တာဆင်းလေ ကူးတို့ဆိပ်တို့ဖြစ်ကြသည်။
ကွမ်းလုံကူးတို့ဆိပ် ပြင်ဆင်
ကွမ်းလုံကူးတို့ဆိပ် တရုတ်မြန်မာယဉ်ကျေးမှုလဲလှယ်ရေးတွင် ကျေးဇူးပြုခဲ့သောကူးတို့ဆိပ်ဖြစ်သည်။ နမ့်တင်းမြစ်နှင့်သံလွင်မြစ်ဆုံရာအနီး သံလွင်မြစ်၏ အနောက်ဘက်ကမ်းတွင်တည်ရှိသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်နယ်စပ်မှ ၁၅ မိုင်ဝေးသည်။ ယခုအခါ ထိုနေရာတွင်သံလွင်မြစ်ကိုဖြတ်ကျော်၍ ၁၉၆၅ ခုနှစ်ကဆောက်လုပ်ထားသော ၈၉၈ ပေရှည်ကြိုးတံတား ရှိသည်။
မန်းဆန်ကူးတို့ဆိပ် ပြင်ဆင်
မိုင်းလွန်းနယ်တွင်ရှိ၍ မြစ်ကိုဖြတ်ကူးရန် အလွယ်ဆုံးနေရာဖြစ်သည်။ ရေများသည့်အခါတွင် ကမ်းပါးသည် သဲများ၍ အတက်အဆင်း ကောင်းသည်။ သို့ရာတွင် အေး၍ခြောက်သွေ့သောရာသီတွင် ကမ်းပါးနှစ်ဘက်စလုံးသည် ကျောက်ဆောင်ထူထပ်နေလေသည်။ ဤနေရာ၌ သာမန်ခြောက်သွေ့သော ရာသီတွင် မြစ်သည် ကိုက် ၁ဝဝ ခန့်သာကျယ် ၍ အနည်း ဆုံး ၅၅ ပေနက်သည်။ အမြင့်ပေ ၁၅ဝဝ ရှိသည်။ ရေစီးသည် တစ်နာရီလျှင် လေးမိုင်ငါးမိုင်ခန့်စီးသည်။ တောင်သိန္နီနယ်၊ မိုင်းလွန်းနယ်နှင့် သံလွင်မြစ် အရှေ့ဘက်ကမ်းရှိ အခြားဒေသမှကုန်သည်များ အများဆုံးအသုံးပြုသည်။မြန်မာနိုင်ငံ၌မူ မြစ်လက်တက်ပေါင်း ၂၈ ခုရှိသည်။ ယင်းတို့မှာ-
နမ့်ယုမြစ် နယ်စပ်နားမှစီးဝင်သည်။
နမ့်မွိုင်မြစ် သို့မဟုတ် နမ့်မွေ မိုင်းယမြို့မှ စီးဝင်လာသည်။
ဆီပါအောမြစ် ကိုးကန့်နယ်မှ စီးဝင်လာသည်။
နမ့်နင်းမြစ် အတောက်ဘက်မှစီးဝင်၍ နမ္မတူမြစ်ဖျားနှင့် ယင်းမြစ်ဖျားကပ်လျက်ရှိသည်။
နမ့်တင်းမြစ် ရွန်နင်ဖူးမြို့ဘက်မှစီးဝင်လာ၍ ကွမ်းလုံးကူးတို့ဆိပ်နားမှ စီးဝင်သည်။
နမ့်ကြက်မြစ် ချောင်းငယ်သာသာ ဖြစ်သည်။
နမ့်မမြစ် ဝနယ်ဖက်မှနောင်ချိုတစ်ဝိုက်ကိုဖြတ်၍ စီးဝင်လာသည်။
နမ့်နန်းမြစ် ငက်လက်မှမြစ်ဖျားခံ စီးဝင်သည်။
နမ့်ကအိုမြစ် အနောက်မိုင်းလွန်းဒေသတွင် စီးဝင်သည်။
နမ့်ခမြစ် တိဗက်ပြည်လွန်လာသည်မှစ၍ ပထမဆုံးသောအကြီးဆုံးမြစ်လက်တက်ဖြစ်သည်။
ဟွေးလွန်မြစ် တာကော်ကူးတို့ဆိပ်၌ စီးဝင်သည်။
မန်းပန်မြစ် မြစ်လက်တက်ကြီးတစ်ခု ဖြစ်သည်။
နမ့်ဆင်မြစ် ကျိုင်းတုံမြို့အနီး မြစ်ဖျားခံသည်။
မဲဟင်းမြစ် မိုင်းဟန်မြို့ဘက်မှ စီးဝင်သည်။
နမ့်ပန်မြစ်မိုင်းပန်နယ်ကို ဖြတ်စီးသည်။
မဲချော့မြစ်ချောင်းငယ်သာဖြစ်သည်။
မဲဆကွန်မြစ် (နမ့်ဆကွန်မြစ်)
မဲဆယ်မြစ်ချောင်းငယ်သာဖြစ်သည်။
နမ့်တန်မြစ်မိုင်းကိုင်နယ်တောင်တန်းများတွင် မြစ်ဖျားခံပြီးနောက် လဲချား၊ မိုးနည်း၊ မောက်မယ်နယ်များကိုဖြတ်၍ စီးဆင်းသည်။
ဟွဲလောင်မြစ် ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်
ဟွဲလန်းမြစ် စပ်နေရာမှ စီးဝင်သည်။
နမ်းမယ်ဗြဲ(မယ်ဗြဲ)မြစ် မဲဟောင်ဆောင်းနယ်ကိုဖြတ်၍ စီးဆင်းသည်။
နမ့်ပွန်မြစ် သို့မဟုတ် ပွန်ချောင်း ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ကိုဖြတ်၍စီးသည်။ ယင်း၏မြစ်လက်တက်တစ်ခုဖြစ်သော နမ့်ဘီလူး(ဘီလူးချောင်း)သည်အင်းလေးကန်၌
မြစ်ဖျားခံသည်။